31 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-နိုင်ငံခြားသား နဲ့ မြန်မာနိုင်ငံသားတွေ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက နိုင်ငံခြားငွေတွေကို တစ် ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ စစ်တပ်က လဲလှယ်ပြီး မြန်မာငွေတွေ ပြန်လည် ထုတ်ပေးမယ်ဆိုထားပြီး၊ သီရိလင်္ကာ နိုင်ငံလို ဖြစ်မှာကို စစ်ကောင်စီတပ်က အထူးစိုးရိမ် ကြောက်လန့်နေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဆီကနေ သိရပါတယ်။

– ကရင်အမျိုးသားအစည်းအရုံး KNU အနေ နဲ့ နိုင်ငံရေးရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံး နဲ့ အတူတကွ လက်တွဲပြီးတော့ မဟာလူမျိုးကြီးဝါဒ နဲ့ အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင် ဖြိုချ ဖျက်ဆီး ပစ်မှာဖြစ်တယ်လို့ ၇၅ နှစ်ပြည့် ကရင့်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDO ကိုပေးပို့တဲ့ သဝဏ်လွှာမှာ တရားဝင် ကြေညာထားပါတယ်။

– စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ မြင်းဒေါင်း-ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ ရေဦးမြို့ ၊ ကြာပတ်အဝိုင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရရှိ ထားတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article