30.5 C
Yangon

မတူပီ ခလရ ၁၄၀ မှ ဗိုလ်မှူး သန်းနိုင်ဝင်းကို မြို့ပြင်သို့ ခေါ်ထုတ် ရှင်းလင်းလိုက်ဟု CDF ပြန်ကြားရေးတာဝန်ခံပြော

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ချင်းပြည်နယ်၊ မတူပီအခြေစိုက် ခလရ ၁၄၀ မှ ဗိုလ်မှူး သန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့တွင် CDF မတူပီက ရှင်းလင်းလိုက်ကြောင်း CDF မတူပီ၏ ပြန် ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ရှင်းလင်းခံလိုက်ရသည့် ဗိုလ်မှူး သန်းနိုင်ဝင်းသည် စစ်ဗျူဟာထောက်လှမ်းရေး တစ်ဦးဖြစ်ပြီး တပ်တွင်း CDM ပြုလုပ်လိုသူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့် ထောက်လှမ်းနေသူဖြစ်ကြောင်း၊ ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးပို့မှုကြောင့် CDM လုပ်ရန် ပြင်ဆင်နေသူ စစ်သား ၇ ဦး သတ် ဖြတ်ခံရပြီး ၄ ဦးထောင်ချခံထားရကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ဗိုလ်မှူး သန်းနိုင်ဝင်းက အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်သူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ကျနော်တို့ သူ့ကို ရှင်းလင်းတာမှာ ပျောက်ကျားစနစ်နဲ့ မတူပီမြို့ပြင်ကို ခေါ်ထုတ်ပြီး ရှင်းတာပါ။ ရွာဘက်မှာ” ဟု CDF မတူပီ၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article