30 C
Yangon

အကြမ်းဖက်စစ်တပ်က မြဝတီ-ဝေါလေ ကားလမ်းကို ပိတ်ဆို့ကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၊ Cobra စစ်ကြောင်းက အတားအဆီးများကို ဖယ်ရှားကာ နယ်မြေရှင်းလင်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

အကြမ်းဖက်စစ်တပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းကို အတားအဆီးများဖြင့် ပိတ်ဆို့ထားကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ လူမှုရေး၊ စီးပွားရေးနှင့် သွားရေးလာရေး အခက်အခဲဖြစ်နေကြောင်းနှင့် အဆိုပါ အတားအဆီးများကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ညနေတွင် Cobra စစ်ကြောင်းက ဖယ်ရှားခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြဝတီ-ဝေါလေ လမ်းပိုင်းတွင် ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ Cobra စစ်ကြောင်းကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့် အရာရှိအပါအဝင် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို Cobra စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။

Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက “အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိ မျက်နှာချင်းဆိုင် တိုက်ပါ” ဟု အကြမ်းဖက်စစ်ကောင်စီ များအား သတင်းစကားပါးကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article