29 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက နိုင်ငံအတွင်းမှာရှိတဲ့ ပြည်ပကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေတွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ အတင်းအကျပ် လဲလှယ်သိမ်းယူပြီးနောက် သွင်းကုန်တင်သွင်းသူတွေကို  စစ်တပ်ကဒေါ်လာပြန် မရောင်း ပေးတော့ဘဲ ပြင်ပဒေါ်လာတွေကို မိမိအစီအစဉ်နဲ့ ဝယ်ယူခိုင်းပြီး သွင်းကုန်တင်သွင်းကြဖို့ တရားဝင် ကြေညာ ချက်ထုတ်ပြန်အသိပေးလိုက်ပါတယ်။

– ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး တရားစွဲထားမှုမှာ ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဘူးလို့ အကြမ်းဖက်စစ် ကောင်စီက ကန့် ကွက်ထားမှု အပါအဝင် ကန့်ကွက်ချက်တွေအားလုံးကို ICJ တရားရုံးက ပယ်ချလိုက်ပါတယ်။

– ရန်ကုန်မြို့မှာ CNG ပိုက်လိုင်းပေါက်တာကြောင့် မြို့တွင်းပြေးဆွဲနေတဲ့ YBSယာဥ်တွေ CNG အလုံအလောက် မရတာကြောင့် အစီးရေပြည့် မပြေးဆွဲနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ အခက်အခဲကြုံတွေ့နေရ တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article