29 C
Yangon

ပခုက္ကူ၊ အရှေ့ဘုန်းကန်ရွာတွင် တပ်စွဲထားသော စစ်တပ် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ကျော်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force (UG) အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲ ထားသော နေရာကို Earthquake People’s Defence Force၊ PKU North PDF နှင့် Royal Defence Force PKU တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး King Cobra People’s Defense Force မှ လမ်းပိုင်း ဖြတ်တောက်မှုနှင့် မြေပြင်သတင်းအချက်များ ထောက်လှမ်းခဲ့ကာ တိုက်ပွဲအတွင်း စစ်တပ် ဘန်ကာတစ်ခုနှင့် တပ်စွဲထားသော ဘုန်းကြီးကျောင်းကို သိမ်းပိုက်ခဲ့ပြီး ၆၀ မမ ၃ လုံးဖြင့် စစ်တပ်ဘက်ကို စစ်ကူပစ်ခတ်ပေးခြင်း ပခုက္ကူမှ စစ်ကူကားတစ်စီး​နှင့် အင်ပင်စစ်ကြောင်းမှ စစ်ကူများ ရောက်ရှိ လာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article