38 C
Yangon

စစ်သားများအတွက် လစာ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ် ထောက် ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် သိန်း ၂၀၀ ကျော် ပါသွား

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တပ်အတွက် လစာများ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ငွေကျပ် သိန်း ၂၀၀ ကျော်ကို သေနတ်သမားများက ယူဆောင်သွားကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံမှ သိရှိရသည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်အချိန် ရန်ကုန်တိုင်း၊ စကခ ၄ လက်အောက်ခံ ဖောင်ကြီး ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ ဆိုင်ကယ်နှစ်စီးဖြင့် လှည်းကူးဘဏ်မှ တပ်အတွက်လစာငွေထုတ်ပြီးအပြန် လှည်ကူးနှင့် ဖောင်ကြီးမြို့အကြားတွင် ဆီထည့်နေချိန် အမည်မသိ သေနတ်သမားတချို့ကပစ် ခတ်ခဲ့ကြောင်း၊ တပ်ထောက်ဗိုလ်ကြီးသေဆုံးပြီး ငွေသိန်းနှစ်ရာကျော်သွားကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ရေးရာလုံခြုံရေးဌာန(စရဖ)မှ ဗိုလ်မှူး တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

“အခင်းဖြစ်တဲ့နေရာကို စစ်ဆေးရရှိတဲ့ ပုံတွေအရကတော့ သေကွင်းသေကွက်နဲ့ ခေါင်းကို တည်ပစ်သွားတာ။ လစာထုတ်လာတာကိုလည်း သိတယ်ဆိုတော့ အချင်းချင်းဖြစ်တာလား ဆိုတဲ့ သံသယလည်းရှိတယ်။ နောက်ကနေ တောက် လျှောက် ဆိုင်ကယ်နဲ့ လိုက်လာပြီး လုပ်ကြံသွားတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တာမျိုး တွေ့ရတယ်” ဟု ဗိုလ်မှူး(ဖရဲသီး)က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗိုလ်ကြီးပစ်ခတ်ခံရသည့်နေရာအနီးအနား ပတ်ဝန်း ကျင်ကျေးရွာများကို လုံခြုံရေး အကြီး အကျယ်ချထားပြီး အသေးစိတ် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အခင်းဖြစ်ပွားသော နေရာနှင့်ကျေးရွာများသည် အေးဆေးစွာ နေသော ဒေသများဖြစ်ကြောင်း၊ စစ်တပ်နှင့်နီးကပ် သော ကျေး ရွာ များဖြစ်နေ၍ လုံခြုံရေးအရ အေးဆေးသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခမရ ၇၀၉ မှ တပ် ထောက် ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

Photo- ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စရဖ(ဖရဲသီး)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article