34 C
Yangon

လက်အောက်ငယ်သားများကို ရိုက်နှက်ထိုးကြိတ်သော ကျောက်ဖြူနယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်၊ ရဲတပ်သားစိုးလင်းအောင် လက်နက်ဖြင့် လွတ်မြောက်သွား

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ရခိင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူမြို့မရဲစခန်းတွင် လက်အောက် ငယ်သားများကို ရိုက်နှက်ထိုးကြိတ်သော ကျောက်ဖြူနယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က ပစ်သတ်လိုက်ပြီး ရဲတပ်သားစိုးလင်းအောင် လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန် ကျောက်ဖြူမြို့မရဲစခန်းတွင် သေနတ်ပစ်ခတ်သံ ၅ ချက် ခန့်ထွက်ပေါ်ခဲ့ပြီး နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်အုန်းကျော်ဌေးကို သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျောက်ဖြူ နယ်ထိန်းခေါင်းဆောင်ရဲအုပ်အုန်းကျော်ဌေးက လက်အောက် ငယ်သားတွေကို မကြာခဏ ထိုးကြိတ်ကန်ကျောက်တယ်။ ခံရတဲ့ ရဲတပ်သားက ရဲအုပ်ကို ပစ်ခတ်ပြီး လက်နက်ယူဆောင် ထွက်ပြေး သွားပါတယ်။ အဲဒီရဲအုပ်က ကျောက်ဖြူကို အသစ်ပြောင်းလာတာပါ။ လက်အောက်ခံတပ်သားတွေ မကျေမနပ်ဖြစ်နေတာ ကြာမြင့်ပြီဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ဓာတ်ပုံ-ကျောက်ဖြူရဲစခန်း။ Photo- DMG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article