34 C
Yangon

မန္တလေး PDF လုံခြုံရေးယူထားသော နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းသို့ ကျူးကျော်လာသော စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သားသေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားထွက်ပြေး

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

မန္တလေး PDF လုံခြုံရေးယူထားသော နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းသို့ ကျူးကျော်လာသော စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သားသေဆုံးမှုများစွာဖြင့် ကစဉ့်ကလျားထွက်ပြေးသွားကြောင်း မန္တလေး PDF က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၂၂ ရက်နေ့မှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား ဇူလိုင် ၂၂ ရက်နှင့် (၂၄)ရက်နေ့တို့တွင် တိုက်ပွဲတစ်ကြိမ် ၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုက်ပွဲတစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

PDF တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထား သော နယ်မြေအတွင်းသို့ စစ်သားများ ဝင်ရောက်လာသောကြောင့် ရှင်းလင်းမောင်းထုတ်ခဲ့ရာ စစ်သားများ အထိအခိုက် အသေအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေး သွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ထိခိုက် ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article