39 C
Yangon

Breaking News- ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲ၊ လူနာတင် ကား ၃ စီး ရောက်ရှိ၊ လူငယ် ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ၊ စည်ပင် ဝင် ပေါက် အနီးတွင် ဗုံးပေါက်ကွဲပြီး လူနာတင်ကား ၃ စီးရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ၊ မည်သူမှ မရှိဘဲ ဗုံးထပေါက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြော သည်။

“ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ အဲဒီနားမှာ ဘယ်သူမှလည်း မရှိဘဲ ဗုံးထပေါက်တာ။ လူသူမရှိဘဲကို ထပေါက်တာ။ လူနာတင်ကား ၃ စီးဝင်သွားတာတွေ့တယ်။ အခုတော့ လမ်းတွေအကုန်ပိတ်ထားပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောဆိုသည်။

အခြားမြို့ခံတစ်ဦးကလည်း “ဆူးလေ မြို့တော်ခန်းမ အနောက်ဘက်မှာ ဗုံးသံအကျယ်ကြီးပဲ။ အခုစစ်ခွေးတွေ လမ်းပိတ်ပြီးစစ်နေတယ်။ ၁၁ နာရီမှာဖြစ်တာ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့နောက် ၃၇ လမ်းတွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်ခတ်ဖမ်းဆီးသွားကြောင်း၊ ပစ်ခတ်ခံရသော လူငယ်များ ကျည်ထိမှန်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လူငယ် ၂ ဦးကို စစ်တပ်က ​သေနတ်နဲ့ ပစ်ဖမ်းတာ။ လူငယ်တစ်ဦးက ခဲ​ရောင်ဦးထုပ်နဲ့ ​နောက်တ​ယောက်က ဦးထုပ်အမည်း၊ အကျီအမည်းနဲ့။ စစ်ခွေးတွေက ကားပေါ်မှာ လူငယ်တွေကို သေနတ်ဒင်တွေနဲ့ကို ထုနေတာ။ ကားပေါ်မှာပဲ သေအောင် ရိုက်နှက်နေတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၁၁ နာရီ ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကား ၃ စီး ဝင်ရောက်လာသည့် မြင်ကွင်း။

Photo by Khit Thit Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article