38 C
Yangon

ဘုတလင်၊ ခဝဲကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ဇနီး၊ လုံခြုံရေးအစောင့် စစ်သားဌေးနိုင်ဝင်း တို့ ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မင်းလှနှင့် ဘီးလင်းတို့တွင် အုပ်ချုပ်ရေးမှူးနှင့်စစ်တပ်သတင်းပေးများ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ခဝဲကျင်းကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ ဇနီး၊ လုံခြုံရေးအစောင့် ဌေးနိုင်တို့ ၃ ဦး ပစ်ခတ်ခံရပြီး သေ ဆုံးသွားကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ နှင့်ဘုတလင်မြို့နယ် ဝံပုလွေ‌ ပြောက်ကျားတပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၈ မိနစ်အချိန် ဘုတလင်မြို့နယ်၊ခဝဲကျင်း‌ကျေးရွာ(၊န.မ.ခနယ်မြေ၊လေဆိပ်) မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်မြင့် နှင့်ဇနီးကို ပျောက်ကျားတပ်ဖွဲ့က သွား‌ရောက်ရှင်းလင်းစဉ် ထောက်ပို့တပ် မှ ဂိတ်မှုးစစ်သား ဌေးနိုင်ဝင်းပါ အလည်ရောက်ရှိနေသဖြင့် ၃ ဦးစလုံးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ နှင့်ဘုတလင်မြို့နယ်ဝံပုလွေ‌ ပြောက် ကျားတပ်ဖွဲ့ တို့က ရှင်းလင်းလိုက်ကြောင်း ဗိုလ်သိန်းငှက်က ပြောဆိုထားသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်မြင့် သည် ထောက်ပို့ရဲဘော်များကို လိုက်လံဖမ်းဆီးစဉ် ကိုယ်တိုင်လိုက်ပါဖမ်းဆီးပေးခဲ့သူဖြစ်ပြီး ၎င်း၏သားဖြစ်သူမှာလည်း ပျူစောထီးသင်တန်းတက်ရောက်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ချောင်းပြကျေးရွာက လယ်ယာမြေသမဂ္ဂ ဥက္ကဌ၊ BGF နှင့် စကစသတင်းပေးပန်းစိန် ကို ယမန်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် KRF က စစ်ရေးပစ်မှတ်ထား သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း KRF က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ပန်းစိန်သည် ရွာတွင် ပြည်သူများကို အမြဲလိုလို အော်ဟစ် ခြိမ်းခြောက်နေပြီး စစ်တပ်နှင့် BGF အဖွဲ့များထံ သတင်းပေးနေကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ပေပင်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)၏ ဒေါင်း လေးတပ်ဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

မင်းလှမြို့နယ် စစ်ကွင်းမြို့ ပေပင်တန်းကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ယမန်နေ့နံနက် ၉ နာရီအချိန် ကြို့ကုန်းတာဆုံအနီး သေနတ်ဖြင့်ပစ်ခတ်သဖြ်င့ သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်သည် ငြိမ်ချမ်းစွာဆန္ဒပြကြသည့် ဒေသခံပြည်သူများနှင့် CDMဝန်ထမ်းများကို စစ်တပ်နှင့်ရဲခေါ်ကာဖမ်းဆီးခိုင်းခြင်း၊စစ်ကောင်စီအတွတ်ဝင်ငွေရသည့် မီတာခများလိုက်ကောက်ခြင်း၊ ဒေသခံများကို ဒုက္ခပေးမှုများကြောင့် သာယာဝတီခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)၏ ဒေါင်းလေးတပ်ဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ဘုတလင်မြို့နယ်၊ခဝဲကျင်း‌ကျေးရွာ(၊န.မ.ခနယ်မြေ၊လေဆိပ်) မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်မြင့် နှင့်ဇနီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article