32 C
Yangon

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်မှု လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် မလေးရှားနိုင်ငံခြားဝန်ကြီး တရားဝင် ထုတ်ဖော်ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင် သတ်ဖြတ်လိုက်မှုသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်ကျဆုံး ရဲဘော်လေးဦးကို ဂုဏ်ပြု သည့်အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တက်ရောက်မည်ဖြစ်သည်။

မလေးရှားအစိုးရက အကြမ်းဖက်စစ်ကောင်စီကို မည်သည့် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးမှ တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးကိုယ်စားလှယ် စေလွှတ်ခွင့်ကိုပါ ပိတ်ပင်ရန် အာဆီယံသို့ အကြံပြု တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article