28 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: July, 2022

ယင်းမာပင် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း PDFနှင့် EAo တွေ တိုက်ပွဲတိုင်း နိုင်ပါစေ ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် PDFနှင့် EAo တွေ တိုက်ပွဲတိုင်း နိုင်ပါစေ ကြွေးကြော်သံဖြင့် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာထောင်တွင် နိုင်ငံ​ရေးအကျဥ်းသား LGBT တစ်ဦးကို ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်က လိင်တံကို စုပ်ခိုင်းပြီးအဓမ္မပြုကျင့်ရန် ကြံစည်

ရန်ကုန်၊ ဇူလိုင် ၂ မုံရွာထောင်တွင် LGBT နိုင်ငံရေး အကျဥ်းသား တစ်ဦးကို ဇွန်လ ၃၀ ရက်နေ့တွင် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ် ဇော်ဇော်အောင်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ခြင်း​အပ​ေါ် LGBT Alliance-Myanmar အဖွဲ့က...

ဆားလင်းကြီးတွင် အမျိုးသမီးများ ဦးဆောင်ကာ “အမျိူးသမီးတို့တော်လှန် ၊ဆယ်လမွန်ငါးတို့အပြန်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမျိူးသမီးများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် “အမျိူးသမီးတို့တော်လှန် ၊ဆယ်လမွန်ငါးတို့အပြန်” စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ကို ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် လက်ပံတောင်းတောင် ပင်မ သပိတ်စစ်ကြောင်းနှင့် ပူးပေါင်း...

ရွှေရေကြည် သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးစေခဲ့သော  သေ့ဘောဘိုးစစ်ရှောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကျဲမှု မြင်ကွင်း၊ ယခုညလည်း လေယာဉ်ဖြင့် ဗုံးကျဲ 

ရန်ကုန်၊ ဇူလိုင် ၂  ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊  သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ည ၈ နာရီ  ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးပြီး ဒဏ်ရာရသူများရှိပြီး မြစ်ကမ်းနားနေ ထိုင်းပြည်သူများ  ထွက်ပြေးရကြောင်း ဒေသခံများထံမှ သိရှိရသည်။  Cobra Colum စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီလေတပ်မှ တပ်မဟာ (၆) နယ်မြေအတွင်းရှိ သေ့ဘော့ဘိုးကျေးရွာအတွင်းသို့ ဇူလိုင် ၁  ရက်နေ့ ည ၇နာရီ ခွဲခန့်အချိန်တွင် ဗုံးကြဲချသွားခဲ့ပြီး  အပြစ်မဲ့ပြည်သူ(၂)ဦး ကျဆုံးခဲ့ရပြီး၊ ကျောင်းသားကျောင်းသူများအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။  ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။  "ဒီည တောင်ညီ ဘောလုံးကွင်းမှာ လေယာဉ်နဲ့ လာကျဲတာ ဗုံးတစ်လုံးကျတယ်။ တစ်ဦးက ခြေထောက်ထိတယ်။တစ်ဦးက ရင်ဘတ်ကို ၃ ချက်ထိတယ်။ အခု ဆုံဆည်းမြိုင်မှာ ဘယ်သူမှ မီးမထွန်းရဲဘဲ အမှောင်ထဲမှာ နေကြရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြည်သူ ၂ ဦး သေဆုံးစေခဲ့သော မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို စစ်တပ်တိုက်လေယာဉ် ၂ စီး၏ဗုံးကျဲတိုက်ခိုက်မှု မြင်ကွင်းများ

ရန်ကုန်၊ ဇူလိုင် ၂ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ယနေ့ ဇူလိုင်လ ၂ ရက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချပ်ရွာရှိ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ပြီး အခြား ဒဏ်ရာရသူများလည်း ရှိကြောင်း မင်းတပ် ပ.အ.ဖ ထံမှ သတင်းရရှိသည်။ "စကစတွေ ဗုံးကျဲတာက တိုက်လေယာဉ်နဲ့ပေါ့နော်၊ အပြာရောင် တိုက်လေယာဉ် ၂ စီး နိမ့်နိမ့်လေး လာပြီးမှ ၁၁နာရီ ၁၅ မိနစ်လောက်မှာ ၃ ကြိမ် လာကျဲသွားတယ်။ နောက်တကြိမ် ပြန်ကွေ့လာပြီး ပြန်ကျဲတယ်ပေါ့နော်၊ ချပ်ရွာစာသင်ကျောင်းနဲ့ ဘုရားကျောင်းနားမှာ ကျတယ်။ အဲဒီမှာ လူတွေ ထိတယ်၊ သေဆုံးတာတွေရော ဒဏ်ရာရတာတွေရော ရှိတယ်။ နောက်တကြိမ် ဆွန်တောင်ရွာဘက်ကို ကျဲတယ်၊ ဒါပေမယ့် တောထဲ ချောက်ထဲကို ကျတယ်ပေါ့နော်။ချပ်ရွာမှာ ကျဲသွားတာ လောလောဆယ် သိရတာတော့ ၂ ဦးသေဆုံးတယ်၊ ၂ ဦး ဒဏ်ရာရတယ်၊ အခြား အသေးစား ဒဏ်ရာရတဲ့သူတွေကတော့ များတယ်။ လေး၊ ငါး၊ ဆယ်ယောက်လောက် ရှိမယ်ပေါ့နော်။ ဒါ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး၊ အရပ်သားပြည်သူကို ဦးတည်တဲ့ သဘောမျိုးပေါ့" ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ယခု တိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်ကြောင်းနှင့် အရပ်သား တိုင်းရင်းသား ပြည်သူများကို ပစ်မှတ်ထားကျူးလွန်သော စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။ ဓာတ်ပုံ- ယနေ့ စစ်တပ်တိုက်လေယာဉ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော မင်းတပ်မှ ပြည်သူပိုင်အိမ်များ။   Photo- Ling Yaw Law Thang FB ။

ရန်ကုန်တိုင်း၊ သာကေတ၊ ကွမ်းခြံကုန်းနှင့် တွံ့တေးတို့တွင် မိုင်းခွဲမှုနှင့်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂  ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့်တွံ့တေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် စစ်တပ်ဘက်တော်သားများကို မိုင်းခွဲမှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များ နှင့်ဒေသခံများထံမှ သိရှိရသည်။  ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင်  ကွမ်းခြံကုန်းမြို့နယ် ပကဖ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး - URF တို့...
00:19:05

မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံကို ဗုံးထောင်ခဲ့သူ ရဲဘော်လျှပ်စီးနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ် “မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံကို ဗုံးဖောက်ခွဲတာ မပေါက်ကွဲပေမယ့် လေတပ် အရာရှိ နဲ့ စစ်သား အများအပြား ဖမ်းဆီးခံထားရပြီး ဖုန်းတွေလည်း သိမ်းခံထားရတယ်နောက်ပြီးတော့ အချင်းချင်း ပစ်ခတ်မှုဖြစ် တယ်လို့လည်းသတင်းလွှင့်ထားတယ်။” ကရင်ပြည်နယ်ရှိ KNDO ၊ KNLA နှင့် PDF တွေကို စစ်တပ်က တိုက်လေယာဉ်များဖြင့်...

ပြည်သူ ၂ ဦးသေဆုံးခဲ့သော သေ့ဘောဘိုးကျေးရွာအနီး စစ်ကောင်စီတိုက် လေယာဉ် ဗုံးကျဲမှု ထိုင်းပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်၊ ထိုင်းစစ်တပ်က ပြင်ဆင်ပေး

ရန်ကုန်၊ ဇူလိုင် ၁ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီ ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးခဲ့ပြီး ထိုင်းပြည်သူ ၃...
00:08:56

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - နိုင်ငံကျော်အဆိုတော်- ပိုင်သက်ကျော်ကို အကြမ်းဖက် စစ်ကောင်စီက CDM ထောက်ပံ့မှုဆိုတဲ့စွပ်စွဲ ချက်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတယ်လို့ ပိုင်သက်ကျော်ရဲ့ မိတ်ဆွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်...

Latest news

- Advertisement -spot_img