34 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: July, 2022

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်မှုအပေါ် မတုံ့ပြန်ဘဲ တောင်းပန်ပြီးဖြစ်၍ ပြဿနာမဟုတ်ဟု ပြောဆိုသော ထိုင်းဝန်ကြီး ချုပ်ကို ထိုင်းပြည်သူများ လှောင်ပြောင်

ရန်ကုန်၊ ဇူလိုင် ၁ ထိုင်းနိုင်ငံအတွင်းသို့ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက် လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်မှုအတွက် မြန်မာဘက်က တောင်းပန်ထားပြီးဖြစ်၍ ပြဿနာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောဆိုလိုက်မှုကို ထိုင်းပြည်သူများက လှောင်ပြောင်လျက်ရှိနေကြောင်း သိရှိရသည်။ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ရည်ရွယ် ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ဘဲ မြန်မာဘက်ကလည်း...

စစ်ကောင်စီ ထောက်ပို့ယာဉ်ကို KNDF က ပစ်ခတ်ရှင်းလင်းစဉ် ရဲအုပ်ဝင်းဇော်သိန်းအပါအဝင် ၄ ဦး သေဆုံး၊တောင်ခင်ရန်းရဲစခန်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး၊ ကူတော်ရဲစခန်းလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံး 

ရန်ကုန်၊ ဇူလိုင် ၁ ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာသယ်ပို့သည့် ကား၁ စီးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကင်းလှည့်နေသည့် KNDF တပ်ရင်း ၁၀ တပ်ဖွဲ့ကတွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ရဲအုပ် ဝင်းဇော်သိန်းဆိုသူပါဝင်ကြောင်း သတင်းရရှိသည်။ ရဲအုပ်ဝင်းဇော်သိန်းသည် မိတ္ထီလာ၊ ရှမ်းမငယ်ရဲစခန်းမှ ပြောင်းလာသူဖြစ်ပြီး ကရင်နီပြည်နယ်တွင် ရောက်ရှိနေသည်မှာ ၆ လဝန်းကျင်သာ ရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။ ၂၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ်ပေါ်မှ ၉ မမပစ္စတို ၁ လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ လောပိတအခြေစိုက် ခလရ ၇၂ တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လေးအိမ်စုရွာအတွင်းလက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။ အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း နယ်မြေရဲစခန်းကို ဇွန်လ ၂၉ ရက် နံနက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စခန်း ၁ ခုလုံး နီးပါး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း PDF ဂန့်ဂေါထံမှ သိရှိရသည်။ "မနက် ၄ နာရီမှာ PDF ဂန့်ဂေါခရိုင် တပ်ရင်း ၁ နဲ့ ပကဖ ပူးပေါင်းပြီး စခန်းသိန်းဖို့ ဝင်တိုက်တာ၊ တိုက်ပွဲ ၁ နာရီလောက် ဖြစ်တယ်။ စကစ ဘက်မှ ရမ်းပြီး ပြန်ပစ်လို့ တောင်ခင်ရန်းရွာထဲက နွား ၂ ကောင်သေတယ်။ ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော် ၁ ဦး ပေါင်ကို ကျည်မှန်တယ်၊ မစိုးရိမ်ရဘူး၊ ပျူစောထီးတွေ သတင်းပေးပို့ချက်အရစစ်ကောင်စီဘက်က ၈ ယောက်သေတယ်။ ၃၀ ရက်နေ့မှာ မီးရှို့သဂြိုလ်တယ်လို့ သိရတယ်" ဟု PDF ဂန့်ဂေါတာဝန်ခံ လင်းညိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် ကလေးမြို့နှင့် ဂန့်ဂေါအစပ်သို့ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးနေပြီး ယမန်နေ့ ညနေပိုင်းတွင် မြင်သားကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၈ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း Black Dragon Special Task Force က သတင်းထုတ်ပြန်သည်။ ကူတော်ရဲစခန်းအတွင်းသို့ ၁၂၀ မမ ၆ လုံး၊ ၄၀ မမ ၄ လုံး ပစ်သွင်းကျွေးမွေးခဲ့ပါသည်၊ ၁၂၀ မမသည် ကူတော်ရဲစခန်းရှိ ယာယီစခန်းအားပစ်မှတ်ထား ပစ်သွင်းခဲ့ပြီး ၄၀မမသည် ခွေးကင်းဝပ်ရာနေရာများ၊ ကောင်တာပြန်နိုင်သည့်နေရာများသို့ ဦးစားပေးပစ်သွင်းခဲ့ရာ ၁၂၀ မမ ၆ လုံးအနက် ၃ လုံးသည် ကူတော်ရဲစခန်းအတွင်းရှိ စစ်ခွေးများ၏ ယာယီဆောက်ထားသော စခန်းနေရာပေါ်သို့ ထိထိမိမိကျရောက်ခဲ့ကြောင်း Black Dragon Special Task Force က ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုအား ကနောင် People's Defence Forceနှင့် Black Dragon Special Task Force အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကူတော်ရဲစခန်းကို ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လေးကေ့ကော်တွင် စစ်ကြေင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး ၇ ဦး ဒဏ်ရာရ လက်နက်ခဲယမ်းအချို့ ရရှိ၊ Cobra ရဲဘော် ၁ ဦး ကျဆုံ

ရန်ကုန်၊ ဇူလိုင် ၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော်ဒေသရှိ တောင်ကုန်းတခုပေါ်သို့ ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် လက်နက်ကြီး ပစ်ကူပြီး ၂ ကြိမ် စစ်ကြောင်းထိုး တက်လာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ...

ဖယ်ခုံတွင် ယနေ့ နံနက်ပိုင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့နှင့် Fighter အဖွဲ့က စနိုက်ပါ ဖြင့် ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံး၊ ယခင်ရက်များတွင်လည်း စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှု စစ်သား ၇ ဦးသေဆုံးခဲ့

ရန်ကုန်၊ ဇူလိုင် ၁ ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ် လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။ ထို့ပြင် ဇွန်လ...

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်နှင့်သရက်တို့တွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာ

ရန်ကုန်၊ ဇူလိုင် ၁ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်မြို့နှင့်သရက်မြို့တို့အနီးတွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ပဲခူးတိုင်း ပြည်မြို့ ကမ်းနားလမ်းတွင် စစ်ရေယာဉ် ၂ စီး လက်နက်အပြည့်အစုံဖြင့် ကမ်းကပ်ခေတ္တရပ်နားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ "ပြည်မြို့...

ခင်ဦးတွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်သော အသက် ၃ နှစ်အရွယ်သမီးငယ် ဆေးကုသမှု ခံယူနေရ

ရန်ကုန်၊ ဇူလိုင် ၁ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာနှင့် သာဂရ ကျေးရွာ အနီးရှိ တံတားလုံခြုံရေးစောင့် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် ဆေးကုသမှု...
00:07:52

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်ဒီကနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ဥကရစ်ထစခန်းကို စစ်ကူလာတဲ့တပ်မ ၄၄ စစ်ကြောင်းတွေကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက KNDO ဗိုလ်ကြီးအယ်စေးဝါးဦးဆောင်တဲ့အဖွဲက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားတွေ အတုံးအရုန်း သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။ လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့...

မြန်မာနိုင်ငံတစ်ဝန်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးသေဆုံးပြီး PDF ၂၂ ဦးကျဆုံး 

ရန်ကုန်၊ ဇူလိုင် ၁ မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးသေဆုံးခဲ့ပြီး PDF / ERO ၂၂ ဦးကျဆုံးခဲ့ရသည်။  အဓိကအားဖြင့် ဇွန်လ ၂၆ ရက်နေ့ စတင်ဖြစ်ပွားသော ကရင်ပြည်နယ် ဥကရစ်ထ တိုက်ပွဲသည် ယနေ့ ဇူလိုင်လ ၁ရက်နေ့အထိ ကာလ ရှည်ကြာလာပြီး စစ်‌ကောင်စီဘက်မှ ၄၀ ဦး သေဆုံးကာ PDF / ERO များဘက်မှ ၁၀ ဦး ကျဆုံးသည်။  ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ ဝက်လက်မှ PDF ၉ ဦးကို စစ်တပ်က လမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

Latest news

- Advertisement -spot_img