37 C
Yangon

မန္တလေးတွင် Myanmar Return Ranger Force အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ ဖမ်းဆီးခံရပြီး အဖွဲ့ဝင် ရဲဘော်များ လွတ်မြောက်နယ်မြေရောက်ရှိ၊ တောင်ငူတွင် လူငယ် ၁၁ ဦးထက်မနည်း အဖမ်းခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၁

မန္တလေးမြို့အခြေစိုက် Myanmar Return Ranger Force- M.R.R.F အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေကို သြဂုတ်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

“အဖွဲ့ဝင်တစ်ဦးက စျေးထွက်ဝယ်နေတော့ လွတ်မြောက်သွားတယ်။ အခြေ အနေကို အားလုံးကို အသိပေးပြီး ကျန်သူတွေ လွတ်မြောက်နယ်မြေရောက်ရှိကြပြီ။ မနက်အစောဝင်ဖမ်းတာ။ သေနတ် ၃ လက်နဲ့ လက်ပစ်ဗုံးပါသွားတယ်” ဟု Myanmar Return Ranger Force- M.R.R.F တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

လက်ရှိတွင် အဖွဲ့အနေဖြင့် မစ်ရှင်များအားလုံးကို အခြေအနေအရ အကန့်အသတ်မရှိရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင်တောင်ငူတွင်လည်း လူငယ် ၉ ဦးကို အကြမ်းဖက်စစ်တပ်က လူငယ် ၁၁ ဦးထက်မနည်းကို ယနေ့ နံနက် ၃ နာရီဝန်င်ရောက် ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများမှာ စိုးဇော်လတ်(ခ) မှန်ကြီး(ခ) လင်းနို့နှင့်ဇနီးတို့ဖြစ်ကြပြီး နေအိမ်တွင် လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဆက်အစပ်အဖြစ် ဘုန်းကြီးတစ်ခုကိုလည်း ဝင်စီးနင်းပြီး လူ ၉ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်သော Myanmar Return Ranger Force အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article