28 C
Yangon

ဖြူးမြို့နယ်မှ အထက်တန်းပြဆရာမ ဒေါ်ဝင်းလဲ့ဖြူဦးကို အကြမ်းဖက်ဥပဒေဖြင့် စစ်ကောင်စီက ထောင် ၁၁ နှစ်ချမှတ်

Must read

ရန်ကုန်၊ ဩဂုတ် ၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ အထက်တန်းပြဆရာမ ဒေါ်ဝင်းလဲ့ဖြူဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပဲခူးတိုင်း ၊ ဖြူးမြို့နယ် တွင် အထက်တန်းပြဆရာမတစ်ဦးဖြစ်သော ဒေါ်ဝင်းလဲ့ဖြူဦးကို တောင်ငူထောင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း၊ ဒေါ်ဝင်းလဲ့ဖြူဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ တွင် ဖြူးမြို့ရှိ မိဘများနေအိမ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ကာ အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀ (ည) ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တောင်ငူထောင် ထောင်တွင်းတရားရုံးက ဆရာမ ဒေါ်ဝင်းလဲ့ဖြူဦးကို ထောင် ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်ဝင်းလဲ့ဖြူဦးသည် အ.ထ.က(၂)ကညွတ်ကွင်း တွင် အထက်တန်းပြဆရာမတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article