37 C
Yangon

ငြိမ်းချမ်းရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်မဖော်လျှင် စစ်ကောင်စီကို အာဆီယံ အစည်းအဝေးများ တက်ခွင့်ပိတ်ပင်ဟု ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၆

မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အာဆီယံဘုံသဘောတူညီ ၅ ရပ်အပေါ် လိုက်နာဆောင်ရွက်မှုနှင့် တိုးတက်မှု တစ်စုံတစ်ရာ မရှိသမျှ ကာလ ပတ်လုံး အာဆီယံ၏ အစည်းအဝေးများအားလုံး တက်ခွင့် မရှိတော့ကြောင်း အာဆီယံဥက္ကဋ္ဌ ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအနေဖြင့် စစ်ကောင်စီကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်မဖော်လျှင် မည်သည့် အာဆီယံအစည်းအဝေးမှ တက်ခွင့် မပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာ ပြီး တိုးတက်မှု ရှိလျှင် အာဆီယံအနေဖြင့်လည်း တိုးတက်မှုရှိသော ဆုံးဖြတ် ချက်ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။

ဓာတ်ပုံ- အာဆီယံဥက္ကဋ္ဌ ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article