38 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင် များ ကို အဂတိမှု များဖြင့် လိမ်လည် တရားစွဲသော တရားလို ညွှန်ကြားရေးမှူး ဗိုလ် ကြီး ဟောင်း ရဲထက် လူမှုရေးဖောက်ပြန်မှုနှင့် လာဘ်စားမှုများ ကျူး လွန်ထား

Must read

By ရန်ကုန်ခေတ်သစ်

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်း စု ကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင်တွေကို အကျင့် ပျက် ခြစားတယ်ဆိုပြီး အမှုဆင် လိမ်လည် ဖမ်းဆီးတရားစွဲရာမှာ စသုံးလုံးနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက်ကိုင်တုတ်အဖြစ် ကောင်းကောင်း အသုံးချနေပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကို လိမ်လည် စုံစမ်း အမှုတည်ဆောက်တဲ့ စသုံးလုံးဌာနရဲ့ အကြောင်း ဖော်ထုတ်ရေးသားခဲ့ပြီဖြစ်ပြီး အဂတိတိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်က ညွှန်ကြားရေးမှူး ရဲထက် ဦးဆောင်တဲ့ အဖွဲ့က ပါဝင် ပတ်သက်နေတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ တင်ဦးကစလို့ တစ်ဖွဲ့ လုံး က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကို လိမ်လည် အမှုဖွင့် ရာမှာ ပါဝင်ကြပြီး တကယ့်မြေပြင်တရားရုံးမှာ တရားလိုအဖြစ် ထွက်ဆို ပါဝင်သူကတော့ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ရဲထက်ပဲဖြစ်ပါတယ်။

တကယ်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ညွှန်ကြား ရေး မှူး လုပ်နေတဲ့ ဗိုလ်ကြီးဟောင်း ရဲထက်ဟာလည်း လူမှုရေးဖောက်ပြန်မှုတွေ၊ လာဘ်စားမှုတွေ ကျူးလွန်ထားပြီး နာမည်ပျက်နေသူဖြစ်ပါတယ်။

“အရင် ဦးသိန်းစိန်အစိုးရလက်ထက် အဂတိကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း မြဝင်းရဲ့ တပည့်အရင်းပါ။ ညွှန်မှူး ဗိုလ်ကြီးဟောင်း ရဲထက်က။ ဗိုလ်ချုပ် ဟောင်း မြဝင်းဆိုတာ အဂတိကော်မရှင် ဥက္ကဋ္ဌ လုပ်ပြီး လာဘ်စားခဲ့တဲ့အမှု တွေ ဆိုတာ အတော်များပါတယ်။ ရဲထက်ရဲ့ ဆရာကတော့ မြဝင်းနဲ့ ဩဂုတ်လ ၄ ရက်နေ့ ပြုတ်သွားတဲ့ အဂတိကော်မရှင် အတွင်းရေးမှူး ထင်ကျော်တို့ပဲ။ ထင်ကျော်(စစ်တက္ကသိုလ်အပတ်စဉ် ၂၅) ဆိုတာကလည်း အရမ်းကို ကော်မရှင် မှာ ခြယ်လှယ်ပြီး သူတိုးပေးချင်တဲ့ ရာထူးတိုးပေး၊ ရုံးကို သူ့ရုံးလို လုပ်တဲ့သူလေ။ ဩဂုတ်လ ၄ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူခွင့်ပြုတယ်ဆိုပြီး အဖြုတ် ခံလိုက်ရတာ” လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ရဲထက်ဟာ အရင်က စက်မှုဝန်ကြီးဌာန၊ ဒု လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။မိုးကျရွှေကိုယ် အသွင်ပြောင်း အရာရှိဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စက်မှုဝန်ကြီးဌာန ဖျက်သိမ်းလိုက်တဲ့ အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက်ထောက် ညွှန်ကြား ရေးမှူးအဖြစ် ပြောင်းရွှေ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က အဂတိကော်မရှင်မှာ ဗိုလ်ချုပ်ဟောင်းမြဝင်းက ဥက္ကဋ္ဌဖြစ်ပြီး ထင်ကျော်က ရုံးအဖွဲ့မှူးဖြစ်ပါတယ်။ နှစ်ဦးစလုံးကတော့ သူ့ဆရာ လက်ရင်း တွေပါပဲ။ စက်မှုဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ်နဲ့ အဂတိ တိုက်ဖျက် ရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်စဉ်မှာလည်း ဌာနတွင်း လာဘ်ပေး လာဘ်ယူမှုတွေနဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ကျူးလွန်ခဲ့ပေမယ့်လည်း သူဆရာတင်ထားတဲ့သူတွေကြောင့် ရာထူးမပြုတ်ဘဲ ဆက်နေနိုင်ခဲ့ပါတယ်။

ရဲထက်ရဲ့ ထင်သာမြင်သာရှိတဲ့ လူမှုရေးဖောက်ပြန်မှုကတော့ ၂၀၁၅ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတကာရေးရာ ဌာနမှ ရုံးအုပ် အမျိုးသမီးနဲ့ ဖောက်ပြန်ခဲ့တာပါ။

အဲဒီ လူမှုရေး အရှုပ်အရှင်းကိစ္စကို တိုင်စာတွေအရ ကော်မရှင်ဘက်က အမှန် တကယ် ရဲထက် ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။ အဲဒီအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးမောင်မောင်လှ (စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ) က စစ်ဆေးခဲ့ပြီး လူမှုရေး အရှုပ်အရှင်း အမှန် တကယ်ကျူးလွန်တာဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိခဲ့ပေမယ့်လည်း ရုံးအုပ် အမျိုးသမီးကိုပဲ မန္တလေးရုံးခွဲ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်ကြီးဟောင်း ရဲထက်ကို အရေး မယူခဲ့ပါဘူး။

လူမှုရေးအရှုပ်အရှင်းအတွက် ရဲထက်ကို အရေးယူမခံရအောင်လည်း ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်းမြဝင်းနဲ့ ရုံးအဖွဲ့မှူး ထင်ကျော်တို့က ၀ိုင်းဝန်း ကာကွယ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် အခြားလာဘ်ပေးလာဘ်ယူမှုတွေမှာလည်း အလားတူပါပဲ တိုင်ကြားမှုတွေရှိပေမယ့် အကာအကွယ်ပေးမယ့်သူတွေကြောင့် ရဲထက်ဟာ အလုပ်ပြုတ်မသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူရဲ့ ရာထူးအာဏာတည်မြဲရေးအတွက် ဗိုလ်ကြီးဟောင်း ရဲထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လိမ်လည်အမှုဆင်မှုမှာ တရားလို အဖြစ် ရှေ့ဆုံးက ဦးဆောင်ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်ဝယ်ယူမှု၊ လရောင် တောစီမံကိန်း၊ မောင်ဝိတ်ထံမှ ငွေယူမှုတွေ အပါအဝင် အမှုဆင် လိမ်လည် ထားတဲ့ အဂတိမှုတွေအတွက် ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းရဲထက်က တရားလိုအဖြစ် တရားစွဲပါတယ်။

စသုံးလုံးနဲ့ စစ်တပ်က ရေးပေးလိုက်တဲ့ စာတွေကို စာအုပ်ကြီး တရားရုံးရှေ့မှာ တစ်လုံးမကျန် ဖွင့်ဖတ်နေတဲ့အထိ စစ်တပ်ရဲ့ လက်ကိုင်တုတ် အသုံးတော် ခံခဲ့ပါတယ်။ အဲဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ညွှန်မှူး ရဲထက်ရဲ့ ထွက်ဆိုချက်တွေကို ကန့်ကွက်ခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခေါင်းဆောင်တွေကို လိမ်လည် တရားစွဲဆိုသူ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းရဲထက်ဟာ အဂတိမှုတွေ၊ လူမှုရေး ဖောက် ပြန် မှုတွေကျူးလွန်သူသာဖြစ်ပြီး သူ့ရာထူးအာဏာ တည်မြဲ တိုး တက်ရေး အတွက် စစ်တပ်ရဲ့ လက်ကိုင်တုတ် ဘက်တော်သားအဖြစ် ဆက်လက် အသုံးတော်ခံလျက်ရှိနေပါတယ်။

ဓာတ်ပုံ- လာဘ်ပေးလာဘ်ယူမှု၊ လူမှုဖောက်ရေးပြန်မှုများ ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့သော်လည်း အရေးယူမခံခဲ့ရဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ့ ခေါင်းဆောင်များကို လိမ်လည် အမှုဖွင့် တရားစွဲဆိုသူ တရာလို ရဲထက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article