35 C
Yangon

အောင်လင်းဒွေး မိတ်ဆွေ အဂတိ ကော်မရှင် အတွင်းရေးမှူး ထင်ကျော် လူမှုရေး ဖောက်ပြန်မှု၊ လုပ်ပိုင်ခွင့် ကျော်လွန်မှု၊ အကျင့်ပျက်ခြစားမှုများဖြင့် အရေးယူ ခံရခြင်း မရှိဘဲ ရာထူးမှ အနားပေးခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၆

အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ မိတ်ဆွေ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ထင်ကျော်ကို လူမှုရေး ဖောက်ပြန်မှု၊ ရုံးတွင်းလုပ်ပိုင်ခွင့် ကျော်လွန်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အရေး ယူခံရမှု တစ်စုံတစ်ရာ မရှိဘဲ ကျန်းမာရေး အရ အနားယူခွင့် ပြုလိုက် တယ် လို့ စစ်ကောင်စီက ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

“ကော်မရှင်ထဲမှာ အချင်းချင်း ပြန်တိုင်ကြတာ။ ခင်ဗျားတို့ ခေတ်သစ် မီဒီယာ ကလည်း ဦးထင်ကျော်အကြောင်း ရေးတာ တက်တယ်လေ။ အဲဒီမှာ သူ့လူ ဖြစ် တဲ့ လွင်အောင်ကို ညွှန်ချုပ်ရာထူးတိုးပေးတာတွေ အဲဒါတွေက တိုင်းသိ ပြည် သိ ဖြစ်ကုန်တာ။ အဲဒါတွေလည်းပါတယ်။ နောက်ပြီး လူမှုရေး ဖောက် ပြန်မှု ရှိတာ။ သူနဲ့ ဖြစ်တဲ့ အမျိုးသမီးက ဦးစီးအရာရှိ။ အဲဒီကိစ္စလည်းပါတယ်။ နောက် ဆုံး ပြစ်ချက်များပြီး ရှင်းမရလို့ အနားပေးလိုက်တာပါပဲ” လို့ ရန်ကုန် ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ရန်ကုန်ခေတ်သစ်က အဂတိကော်မရှင်ဥက္ကဋ္ဌ တင်ဦးနဲ့ အတွင်းရေးမှူး ထင် ကျော် တို့အကြောင်း ဇွန်လ ၁၇ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

ကော်မရှင်အတွင်းရေးမှူးမှ အနားပေးခံလိုက်ရသည့် ထင်ကျော်က စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး နဲ့ စစ်တက္က သိုလ်DSA အပတ်စဉ် ၂၅ အတူတူ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်က အဂတိကော်မရှင်မှာ ညွှန်ချုပ် အဖြစ် အငြိမ်းစား ယူခဲ့ပြီး စစ်ကောင်စီ လက်ထက်မှာ အဂတိကော်မရှင် အဖွဲ့ ဝင် အတွင်းရေးမှူး ဖြစ်လာသူဖြစ်ပါတယ်။

အဂတိကော်မရှင် အတွင်းရေးမှူး ရာထူးကို အောင်လင်းဒွေးက သူ့ကို ပေးခဲ့ တာ လည်းဖြစ်ပါတယ်။ ထင်ကျော်က ဗိုလ်မှူးဟောင်းဖြစ်ပြီး အရင်က စက်မှု ဝန်ကြီးဌာနက ညွှန်ကြား ရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဂတိကော်မရှင်မှာ ၈နှစ် ကျော် ၉ နှစ်အတွင်း ရုံးအဖွဲ့မှူး၊ ညွှန်ချုပ် ရာထူးတွေနဲ့ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။

ထင်ကျော်ဟာ အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ ရုံးအဖွဲ့မှူး ၊ ညွှန်ကြား ရေး မှူး ရာထူး ထမ်းဆောင်ချိန်က တပည့်မွေး၊ လူမွေး၊ လာဘ်စားမှုတွေလုပ်လို့ သမ္မတရုံးကို အတိုင်ခံခဲ့ရပါသေးတယ်။ သမ္မတရုံးဘက်က သတိပေးဆုံးမ လောက်နဲ့ပြီးခဲ့တာပါ။

အဲ့အချိန်ကတည်းက ဌာနတွင်းတပည့်မွေး ရာထူးပေးနဲ့ အကျင့်မကောင်း စိတ်ဓာတ်မကောင်းတဲ့ သူအဖြစ် ထင်ကျော်က မှတ်တမ်းရှိခဲ့သူ လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထင်ကျော်ဟာ အဂတိကော်မရှင် အတွင်းရေးမှုး ရာထူး ကို အောင်လင်းဒွေးအကူအညီနဲ့ ရယူပြီးတဲ့နောက်မှာ သူ့စိတ်ကြိုက် အဂတိ ကော်မရှင်ကို ပုံဖော်လုပ်ဆောင်ပါတယ်။

ထင်ကျော်က ကော်မရှင်အတွင်းရေးမှူးဖြစ်လာပြီး ၁ လအကြာမှာ သူ့တပည့် အရင်း မော်တော် ယာဉ်ဌာန ညွှန်ကြားရေးမှူး လွင်အောင်ကို ရာထူး တိုး စာမေး ပွဲမရှိ၊ EC Board အစည်းအဝေးမရှိဘဲ သူ့တဦးတည်းဆုံးဖြတ်ချက်နဲ့ ဒုညွှန်ချုပ်ရာထူးတိုးပေးလိုက်ပါတယ်။

ဒုညွှန်ချုပ်လွင်အောင် ဒုညွှန်ချုပ်ရာထူးရပြီး သိပ်မကြာခင်မှာ ညွှန်ချုပ်ရာထူး အဆင့် ကို ထင်ကျော်က ထပ်တိုးပေးပါတယ်။ ဒုညွှန်ချုပ် လွင်အောင်ကို ညွှန် ချုပ် ရာထူး တိုးရာမှ အောင်လင်းဒွေးအကူအညီနဲ့ပဲ ရာထူးတိုးပေးခဲ့တာပါ။ လွင်အောင် ရာထူးတိုးတာဟာ ဒုညွှန်ချုပ်နဲ့ညွှန်ချုပ်ကြားကာလ ၉လသာ ကြာ ခဲ့ပါတယ်။

အဂတိလိုက်စားမှု ကော်မရှင် ဖွဲ့စည်းပုံအရ ညွှန်ချုပ် ၃နေရာမှာ ကော်မရှင် အတွင်းရေးမှူး ထင်ကျော်ရဲ့ တပည့် လွင်အောင် စီမံဌာန ညွှန်ချုပ်အဖြစ် ခန့် အပ်ပြီး ကော်မရှင်တစ်ခုလုံးကို ချုပ်ကိုင်ထားပါတယ် ။

အဂတိကော်မရှင်အတွင်းမှာ အောင်လင်းဒွေးလူ ၊ မင်းအောင်လှိုင်လူ စစ်တပ် ထောက်ခံသူတွေနဲ့ပတ်သက်တဲ့ အမှုတွေကို လုံး၀ စစ်ဆေးမှု မရှိဘဲ ပစ်စာ အဖြစ် သဘောထားပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်းအမှုဆိုရင် အောင်လင်းဒွေးရဲ့ သူငယ်ချင်းရဲ့ ဇနီး ဖြစ်တာကြောင့် စစ်ဆေးမှုမရှိတော့ဘဲ လာဘ်ငွေယူ ပစ်စာအဖြစ် သဘော ထားတွေလည်းရှိပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော်ဟာကလည်း ဝန်ထမ်းတွေရဲ့ အိမ်ရာ ချထား မှုကစလို့ ငွေကြေးလစာစီမံတာအထိ အဂတိလိုက်စားမှုတွေရှိလို့ တိုင်ကြား ခံရပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော် ဌာနတွင်းအကျင့်ပျက်ခြစားနေတာကို တိုင် တဲ့သူက သူငယ်ချင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကို သွားတိုင် ကြားတာမို့ အရာမရောက်ခဲ့ပါဘူး။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ အဖွဲ့ဝင် ၁၂ ဦး ရှိပေမယ့် ဘယ်သူ ကမှ ဥက္ကဋ္ဌ တင်ဦးနဲ့ အတွင်းရေးမှူး ထင်ကျော်ကို ကျော်လို့မရခဲ့ပါဘူး။

တင်ဦးနဲ့ ထင်ကျော်ကလည်း စစ်တပ်အကျိုးကို အရိုးကြေကြေ အရည်ခမ်းခမ်း တာဝန် ထမ်းဆောင်မယ့်သူဖြစ်တာကြောင့် အဂတိကော်မရှင်ဟာ စစ်ကောင် စီရဲ့ လက်ကိုင်တုတ် ကော်မရှင်အဖြစ် နိုင်ငံရေး အသုံးချခံနေရတာ လည်း ဖြစ် ပါတယ်။

အခုနောက်ဆုံးမှာတော့ ထင်ကျော်ကို ကျူးလွန်ထားတဲ့ အဂတိမှုတွေ လူမှု ရေးဖောက်ပြန်မှုတွေ ရှိပေမယ့်လည်း အရေးယူမရှိဘဲ ကျန်းမာရေး အရ ဆိုပြီး အနားပေးလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ- အဂတိမှုတွေ လူမှု ရေးဖောက်ပြန်မှုတွေ ရှိပေမယ့်လည်း အရေး ယူမရှိဘဲ ကျန်းမာရေး အရ အနားပေးခံလိုက်ရသည့် ထင်ကျော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article