35 C
Yangon

ဒီပဲယင်း၊ ကိုင်းကံရွာကို စစ်တပ်က မီးတင်ရှို့နေ၊ လျှော်ဖြူရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ သြဂုတ် ၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က စတင်ကာ မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်း ထားသောကြောင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးသတ်ဖြတ် ခံရမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ကိုင်းကံရွာ မီးလောင်မှုက ဆုံးရှုံးမှု များနိုင်တယ်။ လောလောဆယ် လမ်းကြောင်း မရှင်းသေးတဲ့အတွက် ရွာထဲ မဝင်နိုင်သေးတော့ အတိအကျ မသိရသေးဘူး။ စစ်ခွေးတွေ ပြည်သူတွေကို သတ်ဖြတ် ဖမ်းဆီးမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် လျှော်ဖြူကျေးရွာကိုလည်း ဝင်ရောက် စီးနင်းပြီး လျှော်ဖြူရွာသား ဦးမိုးညိုကို ပစ်သတ်ကာ ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုရန် လုပ်ဆောင်နေကာ လျှော်ဖြူရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရဟတ်ယာဥ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု လုပ်ဆောင်ပြီးမှ အင်ပင်-ယဒင်၊ ကိုင်းကံ နှင့် လျှော်ဖြူကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကာ ယင်း စစ်ကြောင်းသည် တိုက်ရွာဘက်သို့ ဆက်လက် ထွက်ခွာ နေကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့နေသော ကံကုန်းရွာကို အဝေးမှ တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article