30 C
Yangon

ယင်းမာပင်၊ ရင်ပေါင်တိုင်ကျေးရွာအနီးကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး စစ်ကူများ ချထားပေး၊ စစ်တပ်က ပြည်သူ ၂ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ရွာကိုမီးရှို့ ၊ PDF များနှင့် တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးတွင် စစ်ရဟတ် ယာဉ်များဖြင့် ပစ်ခတ်ပြီး စစ်ကူများ ချထားပေးကာ PDF များနှင့်တိုက်ပွဲဖြစ် ပွားနေကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးကို စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်ကူ အင်အား ၁၅၀ ချထားပေးကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ပုထိုးသာရွာနှင့် ရင်ပေါင်တိုင်ကျေးရွာရှိ နေအိမ်များကို မီးရှို့နေကြောင်း၊ ပြည်သူ ၂ ဦးထက်မနည်းကိုလည်း သတ်ဖြတ်ထားကြောင်း သိရှိရသည်။

“စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်အတွင်းမှာ လေယာဉ် ဖြင့် ပစ်ခတ်ပြီးကာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ခန့်ဟာ ပုထိုးသာရွာနှင့် ရင်ပေါင်တိုင်ရွာရှိ နေအိမ်အချို့မီးရှို့မှုများ ပြုလုပ်နေပါတယ် ။ ယခုလက်ရှိအချိန်ထိ ရင်ပေါင်တိုင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ သတ် ဖြတ်မှုကြောင့် သေးဆုံးခဲ့ရတယ်။ မြေ ပြင်အခြေအနေအရ မစုံစမ်းနိုင်သေးတဲ့အတွက် သေဆုံးသူ နှစ်ဦးထက် များနိုင်တယ်။

ပုထိုးသာရွာထိပ်မှာလည်း PDFအယောင်ဆောင်ကာ ခရီးပြည်သူများကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီနေ့ နံနက် ၅ နာရီဝန်းကျင်မှာ အကြမ်းဖက်စကစနဲ့ ဒေသ PDF တွေ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးနောက် ရင်ပေါင်တိုင်ကျေးရွာကို စစ်တပ်က ထပ်ပြီး မီးရှို့နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဩဂုတ်လ ပထမအပတ်တွင် ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး PDF များနှင့်တိုက်ပွဲဖြစ်ကာ နှစ်ဖက် သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ မီးရှို့မှုခံနေရသော ယင်းမာပင် ရင်ပေါင်တိုင်ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article