37 C
Yangon

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တစ်ပတ်အတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မန္တလေး PDF ကြား ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ကောင်စီ၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃၊ စကခ ၁ လက်အောက်ခံ ခမရ ၅၀၂၊ ခမရ ၅၀၅ တပ်ရင်းတပ်ဖွဲ့များနှင့် မန္တလေး PDF ကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး အထိနာသော စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊ PDF ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် မန္တလေး PDF ထောင်ထားသော မိုင်းကွင်းထဲသို့ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်လာစဉ် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁၉ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း၊ ဩဂုတ်လ ၃၀ ရက် နံနက်တွင် စစ်ကောင်စီစစ်ကြောင်းကို ထပ်မံ မိုင်းခွဲရာ စစ်သား ၃ ဦးသေဆုံးကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

အဆိုပါ ဒေသတွင် စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် CDM ပြုလုပ်ကာ အလင်းဝင်လိုပါက မန္တလေး PDF ကနွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – မန္တလေး PDF များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article