30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မြန်မာရဲတပ်ဖွဲ့ နဲ့ ထိတွေ့ ဆက်ဆံပေး နေမှု ၊ မှန်သမျှဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ဆက်လက် ကျူးလွန်ဖို့ အားပေး/အားမြှောက် ပြုနေတာပဲ ဖြစ်တယ်လို့ JFM ကပြောသည်။ – မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်း- ပျံကျစျေးအနီးမှာ သြဂုတ်လ ၂၈ နေ့ မနက် ၇ နာရီခွဲလောက်က စျေးကောက်ကောက်ပြီး ကင်းပတ်လာတဲ့ ပျူစောထီး ခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြ- စစ်ဆင်ရေး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့က ပစ်ခတ်ရှင်းလိုက်တယ်လို့ သိရပါတယ်။ – ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊လောက်ကိုင်မြို့မှာ ဩဂုတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ကြံ့ဖွတ် အမတ်ဟောင်း ဦးခင်မောင်လွင်က ကိုးကန့်တရုတ်လူမျိုးတွေနဲ့ ပေါင်းပြီး ဈေးဟောင်းအနီးက နေအိမ်တွေကို ဘူဒိုဇာ နဲ့ ထိုးပြီး ၊ မြေအပိုင်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ အတွက် လူဦးရေ ၈၀ ကျော် နေစရာမဲ့ ဖြစ်သွားတဲ့သတင်းအပါအဝင်နောက်တုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article