37 C
Yangon

ရွှေနှင့်ဒေါ်လာ စံချိန်တင်စျေးတက်ချိန် စသုံးလုံးနှင့်စစ်ထောက် လှမ်းရေးများက ရှာဖွေ စုံစမ်းစောင့် ကြည့် အဖမ်းအဆီး သတင်းများကြောင့် ရွှေကုန်သည်နှင့် နာမည်ပေါက် ဒေါ်လာဝယ်ရောင်းတချို့ တိမ်းရှောင်ရ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ရန်ကုန်မြို့ စျေးကွက်တွင် ရွှေနှင့်ဒေါ်လာ အမြင့်ဆုံးထိုးတက်ချိန် စသုံးလုံးနှင့် စစ်ထောက်လှမ်းရေးများက ရွှေစျေးကွက်နှင့် ဒေါ်လာဝယ်ရောင်း နာမည်ပေါက်သူတချို့ကို လိုက်လံ စုံစမ်း ရှာဖွေမှုများ လုပ်ဆောင်သဖြင့် ရွှေကုန်သည်တချို့နှင့် နာမည်ပေါက် ဒေါ်လာဝယ်ရောင်းတချို့ ရှောင်တိမ်းရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်အကြား၊ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းအထိ မြင့်တက်သွားချိန်တွင် စသုံးနှင့်စစ်ထောက်လှမ်းရေး(စစ်ဘက်ရေးရာလုံခြုံရေး) များ က ရန်ကုန်တိုင်း ရွှေစျေးကွက်သို့ လာရောက်ခြင်း၊ ရွှေဘုံသာလမ်းတွင် လေပတ်ကား အရောင်း အဝယ် ရှိ၊ မရှိ စစ်ဆေးခြင်းများ လုပ် ဆောင် ခဲ့ကြောင်း၊ ဒေါ်လာသမားတချို့ အဖမ်းခံရသည်ဆိုသော သတင်းများ ထွက်ပေါ်သော်လည်း နာမည်နှင့်တကွ မည်သူမည်ဝါ အဖမ်းခံရသည်ဟု အတိအကျ မသိရှိကြောင်း ရန်ကုန်စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးမှာက နဂိုကတည်းက စသုံးလုံးက လာထိုင်နေတာ။ ရွှေဘုံသာဘက်မှာလည်း စသုံးလုံး အရပ်ဝတ် အပြည့်ပဲ” ဟု ရွှေသမား တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ်သိန်း ၂၀ ကျော်သာ စျေးနှုန်း သတ်မှတ်ထားခြင်းဖြစ်သော်လည်း ပြင်ပစျေးကွက်တွင် ၃၈ သိန်း အထိထိုးတက်သွားခြင်းဖြစ်သည်။

ရန်ကုန်မှ ဒေါ်လာသမားတစ်ဦးကမူ ဒေါ်လာဝယ်ချင်သည်ဟုဆိုကာ ဖုန်းဆက်၍ အရပ်ဝတ်နှင့် လူတချို့ ၎င်း၏နေအိမ်ကို လာရှာသွားကြောင်း၊ အိမ်တွင် ရှိမနေ၍ အခြားနေရာတစ်ခုတွင် တိမ်းရှောင်နေကြောင်း ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

“မည်းမည်းမြင်ရာ ဖမ်းချင်တာလားမသိဘူး။ ကျနော်က အရောင်းအဝယ်မလုပ်ဘဲ စျေးလောက်ပဲ စုံစမ်းတာပဲရှိတော့တာ။ စျေးကွက်ထဲမှာ ပစ္စည်းမှ မရှိတာ။ အရောင်းအဝယ် လုပ်လို့လည်းမရဘူး။ ကျနော်တို့က ရောင်းသမား၊ ဝယ်သမားအကြားမှာ ရာခိုင်နှုန်း လောက်ပဲ စားရတာ။ အများကြီး ကိုင်ထား လှောင်ထားနိုင်တဲ့လူမျိုးလည်းမဟုတ်ဘူး။ တကယ် စျေးကွက်ကို လှုပ်ခါအောင် စျေးဆွဲတင်အောင် လုပ်နိုင်တဲ့သူတွေက သူတို့လူတွေပါ” ဟု ဒေါ်လာဝယ်ရောင်းသမားတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာနှင့်ရွှေ လေပတ်ကားများ ကို ဖမ်းဆီးအရေး ယူမည်ဖြစ်ပြီး လက်ရှိ စျေးနှုန်းများသည် မဖြစ်သင့်သော စျေးနှုန်းများဖြစ်ကြောင်း၊ စျေးဆွဲတင်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဒုဝန်ကြီး ညွှန့်အောင်က ဩဂုတ်လ လယ်ပိုင်းတွင် UMFCCI တွင် စီးပွား ရေးသမားများကို ခြိမ်း‌ခြောက် ပြောဆိုခဲ့ပြီး ယင်းအသံဖိုင်ကို ရန်ကုန်ခေတ် သစ်က ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article