34 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ကျေးရွာမှာ မနေ့ကတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ဦး သေသွားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ Karenni’s Voice ဆီကသိရပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဩဂုတ်လတစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KNLA ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၃၃၃ ဦးသေသွားပြီး ၂၆၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က တရားဝင်သတင်းထုတ်ပြန်ပါတယ်။ – စစ်ကိုင်း၊ မြင်းမူကစစ်ယာဉ်တန်းတွေ တစ်နေ့တည်း ၃ ကြိမ်မိုင်းဆွဲခံရပြီး စစ်သား ၇ ဦးသေသွားကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ – ဗြိတိန်ပြည်ထောင်စုကို ဆယ်စုနှစ် ၇ ခုကြာ အုပ်စိုးခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ်နန်းတော်က ကြေညာလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article