28 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံဆွေး နွေး၊ NUG အစိုးရကို ချက်သမ္မတနိုင်ငံက အားပေးထောက်ခံ အသိအမှတ်ပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လီပ့ါဗ်စကီး ( Mr. Jan Lipavský ) နှင့် ချက်သမ္မတနိုင်ငံ တွင် စက်တင်ဘာလ ၂ ရက်နေ့ တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် ချက်နိုင်ငံခြားရေးဝန်ကြီးက ချက်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး၊ မကြာသေးမီက ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား ကြိုးပေးသတ်ဖြတ်မှုကိုလည်း အပြင်းအထန်ကန့်ကွက်ကြောင်း၊ နောက်ထပ် ကြိုးပေးသတ်ဖြတ်မည့်လုပ်ရပ်များ ဆက်လက်မဖြစ်ရေး တက်ကြွစွာဖြင့် သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်း ကားရေး တက်ကြွစွာ အားပေးထောက်ခံကြောင်း၊ ချက်အစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အား အသိအမှတ်ပြုကြောင်း၊ တတိယအကြိမ်ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ကိုလည်း အသိအမှတ်ပြုကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းမှုကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကြိုဆိုခဲ့ကြောင်း၊ ယခုလည်း နိုင်ငံရေးအရ NUG အစိုးရအား အားပေးထောက်ခံ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ချက်အစိုးရသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော NUG အစိုးရအား လူသိထင်ရှား အသိအမှတ်ပြု၍ကျေးဇူးတင်ကြောင်း၊ ဖမ်းဆီးထိမ်းသိမ်းခံ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အတူ ရပ်တည်ကြောင်း ချက်နိုင်ငံက ပထမဆုံးထုတ်ပြန်ခဲ့ယုံသာမက၊ သမ္မတ ဟောင်း ဗားကလပ်ဗ်ဟာဗဲလ် လက်ထက်ကတည်းက မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် အစဉ်တစိုက် အားပေးထောက်ခံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအခြေအနေများနှင့် ချက်အစိုးရဘက်က လိုအပ်သည့် အကူအညီများ ပိုမိုအားပေး ထောက်ခံစေရေး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article