ရန်ကုန်၊ စက်တင်ဘာ ၉
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် ကုလသမဂ္ဂတွင် သံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကြွေးကြော်ကာ စက်တင်ဘာလ ၉ ရက် ယနေ့နံနက်တွင် ခင်ဦးမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများက ဆန္ဒပြကြသည်။
‘NUG အစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်၊ စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း၊ အောင်နိုင်စိတ်ထား ခင်ဦးသား၊ သမိုင်းထူမယ့် ခင်ဦးသူ’ စသည်တို့ ကြွေးကြော်ကာ ချီတက်ဆန္ဒပြကြသည်။