32 C
Yangon

စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေး ယာဉ်လိုင်းများကို မိုင်းဆွဲတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ လိုက်ပါစီးနင်းခြင်းမပြုကြရန် မေတ္တာရပ်ခံသတိ ပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

မန္တလေး-မုံရွာ လမ်းခရီးတွင် စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေး ခရီးသည်တင်ယာဉ်လိုင်းများကို ပြည်သူများ လိုက်ပါ စီးနင်းခြင်း မပြုကြရန် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံသတိပေးချက် ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စီးပွားရေးဦးပိုင်လိမီတက်(စစ်တပ်ပိုင်) ရွှေမန်းသူကားများ၊ ရှမ်းမလေး ယာဉ်လိုင်းကားများဖြင့် မန္တလေး-မုံရွာ ခရီးစဉ်ကို လိုက်ပါ စီးနင်းမပြုရန် မေတ္တာရပ်ခံသတိပေးအပ်ပါကြောင်း ဖော်ပြထားသည်။

အကယ်၍ အဆိုပါ စစ်တပ်ပိုင်ကားများဖြင့် ခရီးစဉ် လိုက်ပါစီးနင်းမည်ဆိုပါက တာဝန်ယူမည်မဟုတ်ဘဲ စီးနင်းသူများ၏ တာဝန်သာဖြစ်ကြောင်း၊ တော်လှန် ရေးအင်အားစုများက စစ်တပ်ပိုင် လုပ်ငန်းများကို ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကားများ ခရီးစဉ်လမ်းကြောပေါ် ရောက်ရှိလာပါက မိုင်းဆွဲတိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။

ဓာတ်ပုံ- စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေးခရီးသည်တင်အဝေးပြေးယာဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article