30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ရန်ကုန် ကနေ ဘန်ကောက်ကို ဩဂုတ်လ ၃၁ ရက်နေ့က ထွက်ခွာလာတဲ့ အမျိုးသမီး ၆ဦးပါ အဖွဲ့မှာ အသက် ၂၀ အရွယ် မြန်မာ အမျိုးသမီးတစ်ဦးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကို အတုလို့ ပြောပြီး ၊ ထိုင်းလေဆိပ်ရဲ က ဖမ်းဆီးလိုက်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။ – ကရင်ပြည်နယ်ကနေ တစ်ဆင့် ရန်ကုန်မြို့အထိ လက်နက်ခဲယမ်းတွေ သယ်ယူမယ်ဆိုတဲ့ သတင်း တွေကြောင့် စစ်ကောင်စီတပ်က ရန်ကုန်မြို့အဝင် ကားတွေအားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေး နေတဲ့အတွက် ပဲခူးတိုင်း၊ ညောင်ခါးရှည်- ဂိတ်မှာ နေ့စဉ်ကားစီရေ ရာပေါင်းများစွာ ပိတ်မိနေတယ်လို့ သိရပါတယ်။ – ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ တာ၀တက္ကသိုလ်ရှေ့မှာရှိတဲ့ နေအိမ်တွေကို ကျူးကျော်လို့ ပြောပြီး တော့ လူမိုက်တွေက စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေ နဲ့ ပေါင်းပြီး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ရန်ကုန် ၊ မင်္ဂလာဒုံမြို့နယ် ၊ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဂိတ် စခန်းကို စက်တင်ဘာလ ၈ ရက်နေ့ ည ၉ နာရီကျော်လောက်က HRU အဖွဲ့ကနေ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article