30 C
Yangon

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် “Accept NUG and Our Ambassador, Reject Dictator” စာတန်း ကိုင်ဆောင်ကာ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်အပ်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု သပိတ် ဦးဆောင်သူ တစ်ဦးမှ ဟောပြောခဲ့သည်။

Photos – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article