39 C
Yangon

ယင်းမာပင်တွင် PDF များ အပါအဝင် လူ ၁၀ ဦး မှားယွင်းသတ်ဖြတ်ခံရမှုတွင် ဆရာစံနှင့်အဖွဲ့၊ ကိုအာပီဂျီ(ခ) ကိုအောင်ဇော်တို့ အဓိက တာဝန်ရှိဟု NUG က ထုတ်ပြန်၊ ရုံးတင်စစ်ဆေးရန် စစ်တရားရုံး ဖွဲ့စည်းဆောင်ရွက်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အချင်း ချင်း မှားယွင်းသတ်ဖြတ်မှုကို NUG က ရုံးတင်စစ်ဆေးမည်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ကူညီသွားမည်ဟု ယနေ့ ထုတ်ပြန်သည်။

ထိုသို့ မှားယွင်းသတ်ဖြတ်မှုကို ကျူးလွန်ရာတွင် ကပိုင်ရွာအခြေစိုက် ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၄ တာဝန်ခံ ဆရာစံနှင့်အဖွဲ့၊ ကိုအာပီဂျီ(ခ) ကိုအောင်ဇော်တို့က အဓိက တာဝန်ရှိသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း NUG က ဆိုသည်။

ဖြစ်စဉ်မှာ မီးသတ်ရဲဘော် ၂ ဦးအပါအဝင် အခြား အခြားဦးနှင့် လာပို့ရွာအခြေ စိုက် Hero Tiger PDF တပ်ဖွဲ့မှ ဗိုလ်ထိုက်မောင်အပါအဝင် ၅ ဦးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်၌ ဗိုလ်တိုက်ကောင်း (ခ) ဗိုလ်ဘုန်းထက်အဖွဲ့က ဖမ်း ဆီးစစ်ဆေးပြီး မှားယွင်းသတ်ဖြတ်ခဲ့သည်ဟု တွေ့ရှိရကြောင်း NUG က ထုတ် ပြန်သည်။

အဆိုပါ မှားယွင်းသတ်ဖြတ်မှုတွင် စွပ်စွဲခံရသူများဖြစ်သည့် ဗိုလ်သံမဏိ၊ တိုက်ကောင်း၊ မောင်ဦးနှင့် ရဲလေးတို့အနက်မှ ဗိုလ်တိုက်ကောင်းကို NUG က စုံစမ်းစစ်ဆေးရန် ၃ ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ဖြေကြားခြင်းမရှိကြောင်း သိရှိရသည်။

ဒေသခံပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် အဆိုပါကိစ္စနှင့် ပတ်သက်၍ နားလည်မှုလွဲမှားနိုင်ပြီး လုံခြုံမှုမရှိဟု ခံစားနေရသော အခြေအနေများ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း NUG က ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ခံ ဆရာစံနှင့် အမိန့်ပေးကွပ်ကဲသူများ၊ ပြစ် မှုကျူးလွန်သူများကို စစ်ဖက်တရားရုံးဖွဲ့စည်းကာ ဆက်လက် စစ်မေးဖော် ထုတ် ရန် လိုအပ်ကြောင်း၊ ရုံးတင်စစ်ဆေးရန် အကျဉ်းစစ်တရားရုံးကု အမြန်ဆုံး ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ မှားယွင်းသတ်ဖြတ်ခံရသူများကို PDF ရဲဘော်များအဖြစ်တရားဝင် အသိအမှတ်ပြုသွားမည့်အပြင် ကျန်ရစ်သော မိသားစုဝင်များကို ထောက်ပံ့ကူညီမှုများ ပေးသွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူများအနေဖြင့် PDF ဖြစ်စေ၊ ပကဖ ဖြစ်စေ ကာကွယ်ရေးဝန် ကြီးဌာန အသိအမှတ်ပြုတော့ဘဲ လက်နက်များကို ခရိုင်ကွပ်ကဲရေးအဖွဲ့၏ အနီး ကပ် ကြီးကြပ်မှုဖြင့် ဖြုတ်သိမ်းနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article