28 C
Yangon

မုံရွာစီးပွားရေးတက္ကသိုလ်အနီး စစ်ကောင်စီကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ ရေစကြို၊ ရေလယ်ကျွန်းတွင် စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်ခံရပြီး ၆ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်၊ ဇလုပ်အဝိုင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီအဖွဲ့ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက စက်တင်ဘာလ ၁၃ ရက် ယမန်ည ၁၀ နာရီ၌ အလစ်ဝင်တိုက်ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီကင်းပုန်းကို Black Dragon Special Task Force နှင့် God of Monywa People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကူများ ရောက်ရှိလာသဖြင့် လက်နက်ကောက်ယူရန် အခွင့်မသာခဲ့ကြောင်း Black Dragon အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ညောင်ပင်ရွာမှ ဝါဘိုးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး ဒဏ်ရာပြင်းထန်ကြောင်း MG6 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ကို MG6 ပြောက်ကျားတပ်ဖွဲ့၊ YSO NO1ပြောက်ကျားတပ်နှင့် YLK NEW POWER PDFတို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF တစ်ဦး ကျည်ထိ ဒဏ်ရာရသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။

“၆ ဦး ဒဏ်ရာရတယ်လို့ ကျနော်တို့ ကင်းထောက်တွေဆီကနေ သိရပါတယ်။ သူတို့တွေကို စက်လှေနဲ့ ရေစကြိုဘက်ကို သယ်သွားတယ်လို့ ထပ်သိရပါတယ်။ သေ၊ မသေကိုတော့ အတည်ပြုလို့မရသေးဘူး” ဟု MG6 ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓါတ်ပုံ – MG6 ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရရဲဘော်တစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article