29 C
Yangon

ယူကရိန်းသမ္မတက ပူတင်ကို စိန်ခေါ်၊ “ရေ၊ မီး၊ ဂတ်စ်၊ အစားအစာ ပြတ်တောက် ချမ်းနေရသည့် ဒုက္ခက ရုရှားကျူးကျော်မှုလောက် ကြောက်စရာမကောင်း” ဟု ယူကရိန်း သမ္မတက ပြော

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ယူကရိန်းက ရုရှားသိမ်းပိုက်ထားသော နယ်မြေများကို စစ်ရေးအရ တန်ပြန်တိုက်ခိုက် သိမ်းယူပြီးနောက် ယူကရိန်းသမ္မတက ရုရှားသမ္မတ ပူတင်ကို စိန် ခေါ်သော မိန့်ခွန်းတစ်ရပ်ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြောဆိုလိုက်သည်။

အဆိုပါ မိန့်ခွန်းတွင် ယူကရိန်းသမ္မတက ရုရှားအနေဖြင့် ယူကရိန်းကို ခြိမ်း ခြောက် ၍ ရမည်ဟု ထင်နေတုန်းလား ဟု မေးခွန်းထုတ်ပြီး စစ်နှင့် ရုရှား၏ ပိတ်ဆို့မှုကြောင့် “ရေ၊ မီး၊ ဂတ်စ်၊ အစားအစာ ပြတ်တောက် ချမ်းနေရသည့် ဒုက္ခက ရုရှားကျူးကျော်မှုလောက် ကြောက်စရာမကောင်း” ဟု ပြောဆိုသွားသည်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ၏ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုကိုဖောက်ထွင်းပြီးတော့ ယူကရိန်းပြည်သူတွေနဲ့ ယဉ်ကျေးတဲ့ကမ္ဘာက ဒီအကြမ်းဖက်လုပ်ရပ်တွေကို ထင်ထင်ရှားရှား မြင်ရတယ်။ ပြည်သူတွေရဲ့ အရေးပါတဲ့ အဆောက်အဦတွေကို ဒုံးကျည်တွေနဲ့ တမင်သက်သက်ပစ်တာ။ အဲဒီနေရာတွေမှာ စစ်တပ်နဲ့ပတ်သက်တာ ဘာမှမရှိ။

Kharkiv နဲ့ Donetsk ဒေသတွေကို ဖြတ်တောက်ထားတာ။ ( ဂတ်စ်၊ မီး၊ ရေ၊ အစားအစာ ) Zaporizhia, Dnipropetrovsk, and Sumy ဒေသတွေမှာလဲ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတယ်။

ငါတို့ဟာ လူမျိုးတစ်မျိုးတည်းလို့ မင်းတို့ ထင်နေတုန်းလား။ “မင်းတို့ ငါတို့ကို ခြောက်လို့ရမယ်လို့ ထင်နေတုန်းလား၊ ဖြိုခွဲလို့ရမယ်ထင်လား၊ အညံ့ခံလာမယ် ထင်လား။” မင်းတို့ ဘာမှ နားမလည်တာလား။ ငါတို့ ဘာကောင်တွေလဲဆိုတာ မင်းတို့ နားမလည်တာလား။ ငါတို့က ဘာအတွက်လဲ။ ငါတို့ ဘာအကြောင်းပြောနေကြတာလဲ။ ငါ ပြောတာနားထောင်ကြည့်။

ဂတ်စ် မရှိမှလား၊ မင်းတို့ မရှိမှလား။
မင်းတို့ မရှိမှ။
မီး မရှိမှလား၊ မင်းတို့မရှိမှလား။
မင်းတို့ မရှိမှ။
ရေ မရှိမှ လား၊ မင်းတို့ မရှိမှ လား။
မင်းတို့ မရှိမှ။
အစာမရှိမှလား၊ မင်းတို့ မရှိမှလား။
မင်းတို့ မရှိမှ။

အေးတာ၊ အစာငတ်တာ၊ အမှောင် နဲ့ ရေငတ်တာတွေဟာ မင်းတို့ရဲ့ “မိတ်ဆွေဖြစ်မှု၊ ညီအကိုဖြစ်မှု”လိုတယ်လို့ ပြောဆိုတာမျိုးထက် သေလောက်အောင်ကြောက်စရာမကောင်းဘူး။ ဒါပေမယ့် သမိုင်းဟာ အရာရာကို သူ့နေရာသူထားမှာပဲ။ ပြီးတော့ မင်းတို့ မရှိဘဲ ငါတို့မှာ ဂတ်စ်၊ မီး၊ ရေ နဲ့ အစာ ( ရှိတယ်)။”

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article