28 C
Yangon

ကျောက်ထုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပစ်သတ်ခံရ ၊ မြင်းမူနှင့် ကနီတို့တွင် ပျူစောထီးနှင့် စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကျောက်ထုရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကျော်ထုမြို့ ဂုံဘိုရပ်ကွက်သို့ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီဝင်တစ်ဦးနှင့် ရဲတစ်ဦး ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး သေသွားကြောင်း ကျောက်ထု PDF မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ထု PDF (YRPA) မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်း ချနေထိုင်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးများကို Nway Oo Takhon PDF နှင့် မဟာမိတ်ညီနောင်များမှဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း ပျူစောထီး ၂ ဦး သေဆုံးပြီး ၁ ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ စစ်ဆင်ရေးကို Nway Oo Takhon PDF နှင့်အတူ Leopard MMU ၊Zamani Revolution force (MMU) Myaung ငါးဇွန် မီးနဂါး PDF တပ်တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမှ ထွက်လာသော စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီးသည် သောင်တင်နေသော ဖောင် ကို လာဆွဲချိန် PDF မဟာမိတ်တပ်များက တိုက် ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း MPDF ကနီတပ်ခွဲက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရေကြောင်းတွင် သွားလာနေသော စစ်ကောင်စီ၏ ရေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article