30 C
Yangon

ရန်ကုန်၊ ကွမ်းခြံကုန်းမှ စစ်ကောင်စီခန့် တော်ကူးကျေးရွာအုပ်ချုုပ်ရေးမှူး စိုးအောင် ပစ်သတ်ခံရ၊ ရေကြည်နှင့်ပုလောတွင်လည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှ စစ်ကောင်စီခန့် တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး စိုးအောင် စက်တင်ဘာလ ၁၄ ရက်နေ့ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီမထိုးခင်အချိန် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျွေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးအောင်ကို အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

“ပစ်တာကတော့ မောင်းပြန်နဲ့ ၁၀ ချက်လောက် ပစ်တာ။ အိမ်ပေါ်ထိ တက်ပစ်တာ ။ အုပ်ကြီး အသတ်ခံရပြီးတော့
စစ်ခွေးတွေ ကားတွေနဲ့ ဆင်းလာတယ်။ ခြေရှုပ်နေတယ်။ ရွာကို မွှေနေတယ်။ ကင်းပုန်းတွေလည်း ချထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၃ နာရီအချိန် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တာဘူးသည် ငါသိုင်းချောင်းမြို့နယ် ကျုံတာကျေးရွာ အနီးတွင် ဆိုင်ကယ်ဖြင့် သွား လာနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ပစ်တာကတော့ ပွဲချင်းပြီးဆုံးတယ်။ လမ်းပေါ်မှာ မှောက်ရက်ကြီး။ စစ်သားတွေတော့ မိနစ် ၂၀ လောက်ကြာမှ ရောက်လာပြီး အလောင်းသယ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြိုနယ်တွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် တောင်ယာကမ်း ကျေးရွာအုပ်ချုပ်ရေးမှူးယုနိုင်ကို သေနတ်သမား ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်ခတ်ခဲ့သ ဖြင့် သေဆုံးသွားကြောင်း၊ မြိတ်-ထားဝယ်လမ်း ရေမြောင်းထဲတွင် အလောင်းပြန်လည် ရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တာဘူး ယမန်နေ့ ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article