38 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်း ရရှိထားတဲ့ -မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတာ အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာပြည်တွင်းတရားရုံးတွေမှာ အပြည်ပြည်ဆိုင်ရာ တရားစီရင် ပိုင်ခွင့် (Universal Juridiction) ကျင့်သုံးနိုင်ရေးဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ – ရခိုင်ပြည်နယ်အတွင်း တပ်စခန်းတွေ ဆုံးရှုံးထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်ဘက်သုံးယာဉ်တွေ ကိုပါသုံးကာ အင်အားဖြည့်တင်းလာတာကို တွေ့ရတဲ့အတွက် ရက္ခိုင့်တပ်တော် -AA က ကုန်းလမ်း၊ ရေလမ်း ယာဉ်တွေကို စစ်ဆေးတော့မယ်လို့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။ – စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဗုံးပေါက်ကွဲမှု သံသယနဲ့ ဖမ်းဆီးထားသူ ကိုကျင်ဗျက်ထန်ကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ – မန္တလေးတိုင်း၊ ကျောင်းပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာထိပ်မှာ ခရီးသည်တင် Express ကား ၂ စီး၊ ကန်တာဒိုင်နာယာဉ် ၁ စီးတို့ မနေ့ကည ၈ နာရီ ၄၅ မိနစ်မှာ တိုက်မိကြပြီး အလောင်း ၁၁ လောင်းရရှိထားကာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိနိုင်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article