30 C
Yangon

နေပြည်တော်တွင် စစ်ကောင်စီ ဝန်ထမ်းများ ကိုဗစ်ကူးစက်မှုများလာ၍ ၂ ပတ်ရုံးတက် ၊ ၂ ပတ်အိမ်မှ အလုပ်လုပ်သည့် စနစ် စတင်ကျင့်သုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေသော ဝန်ထမ်းများအကြား ကိုဗစ်ကူးစက်မှုများလာ၍ ၂ ပတ်ရုံးတက် ၊ ၂ ပတ်အိမ်မှ အလုပ်လုပ်သည့် စနစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ကျင့်သုံး ရှိကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။

နေပြည်တော်ဝန်ထမ်းများအကြားတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး ကိုဗစ်ကူးစက်သူ ဦးရေ ၈၄ ဦးရှိကြောင်း၊ ထို့ကြောင့် အိမ်တွင် ၂ ပတ် ၊ ရုံးတွင် ၂ ပတ် ပုံစံဖြင့် အလုပ်လုပ်ကြရန် ညွှန်ကြားလိုက်ပြီး စျေးဝယ်ထွက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်မှ အပ အပြင်မထွက်ကြရန်၊ မဖြစ်မနေ ခရီးသွားလာရန်ရှိပါက ခွင့်ပြုချက်ဖြင့် သွားရန် ၊ မလိုက်နာလျှင် အရေးယူမည်ဟု ဝန်ကြီးဌာနများတွင် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

လက်ရှိ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်း စစ်ကောင်စီ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ် ကူးစက်သူ ၃၈၄ ဦးရှိနေပြီး သေဆုံးသူ ၁ ဦးရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article