28 C
Yangon

မိတ္ထီလာအကျဉ်းထောင်တွင် “ဟန်ဆောင်မနေနဲ့ အဆောင်ပြောင်းခံချင်နေလား” ဟု ခြိမ်းခြောက်ပြီး ဆေးသေချာ မကုသပေး၍ နိုင်ငံရေးအကျဉ်းသား မောင်ဇော်လပြည့် အသက်ဆုံးရှုံး

Must read

ရန်ကုန် ၊ စက်တင်ဘာ ၂၁

မိတ္ထီလာ အကျဉ်းထောင်တွင် ထောင်ပိုင်အပါအဝင် ထောင်တွင်းအရာရှိ တပ်သား၊ ဆေးခန်းတာဝန်ခံတို့၏ တာဝန်မဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ မောင်ဇော်လပြည့် (ခ) ဇွန်လပြည့် စက်တင်ဘာ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်အချိန်ခန့်တွင် ထောင်တွင်း၌ အသက်ဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိသည်။

မောင်ဇော်လပြည့် အသက်ရှူမဝ မောပန်းလာ၍ ဆေးခန်းပြချိန်တွင်လည်း “စိတ်ကြောင့် ဖြစ်နေတာ၊ ဘာမှ မဖြစ်ဘူး၊ ဟန်ဆောင်မနေနဲ့ အဆောင်ပြောင်းခံချင်တာလား” ဟု ပြောဆိုခြိမ်းခြောက်ခြင်းများ ပြုမူခဲ့ကြောင်း မိတ္ထီလာထောင်တွင်းမှ ပေးပို့လာသော စာအရ သိရှိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဒပုဒ်မ – ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား မောင်ဇော်လပြည့်သည် စက်တင်ဘာ ၁၅ ရက်နေ့မှ စကာ အသက်ရှူ မဝ မောပန်းသည့် ဝေဒနာ ခံစားနေရပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ထောင်ဆေးခန်းမှ ဆေးတစ်လုံးထိုးပေးကာ သောက်ဆေးပေးခဲ့ကြောင်း သိရှိရသည်။

ဆေးခန်းမှ ပြန်လာပြီး ပိုမိုမောပန်းလာကာ အစားမဝင်ဖြစ်လာ၍ စက်တင်ဘာ ၁၈ ရက်နေ့တွင် နံနက် ၇နာရီခန့် အချိန်တွင် ဆေးခန်းထပ်ပြခဲ့ပြီး ဆေးတစ်လုံး ထပ်ထိုးပေးကာ “စိတ်ကြောင့် ဖြစ်နေတာ၊ ဘာမှ မဖြစ်ဘူး” ပြောဆိုခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်တွင် မသက်သာ၍ ဆေးခန်းထပ်ပြချိန်တွင်လည်း တာဝန်ကျ အကျဉ်းသားသုံးဦးမှ “ ဟန်ဆောင်မနေနဲ့ အဆောင်ပြောင်းခံချင်တာလား” ဟူ၍ ငေါက်ငန်းခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့သည်ဟုလည်း ထောင်တွင်းမှ ပေးလာသော စာအရ သိရှိရသည်။

ဆေးခန်းမှ ပြန်လာချိန်တွင် အိမ်သာတက်ပြီး အဆင်း မေ့လဲကျ၍ နံနက် ၉ နာရီခန့်တွင် ဆေးခန်းထပ်ပြရင်း မိတ်ဆွေအကျဉ်းသားများက ဝိုင်းဝန်းပြောဆိုမှသာ ဆေးခန်းတာဝန်ခံမှ ကမန်းကတန်း ပုလင်းချိတ် Pressure တိုင်း၊ နှလုံးခုန်နှုန်းတိုင်းကာ အပြင်ဆေးရုံတင်ရန် လုပ်ဆောင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်မှ ဆေးရုံရောက်ကာ ၁၁ နာရီ ၂၀ ခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာအကျဉ်းထောင်အတွင်းတွင် ယခုကဲ့သို့ မောင်ဇော်လပြည့် ကွယ်လွယ်ခဲ့ရခြင်းမှာ ထောင်းတွင်းနိုင်ငံရေးကျဉ်းသားများကို ဖိနှိပ်မှု၊ အကျဉ်းသားများ ရပိုင်ခွင့် အခွင့်အရေးများ ပိတ်ဆို့ထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများက ပြောဆိုကြသည်။

မိတ္ထီလာထောင်အတွင်း၌ တာဝန်ရှိသူအားလုံးသည် အကျဉ်းသားများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ – မိတ္ထီလာအကျဉ်းထောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article