26 C
Yangon

ခင်ဦးမြို့မရဲစခန်းမှ ရဲမေ မိချို ပစ်ခတ်ခံရပြီးသေဆုံး ၊ သာဂရကျေးရွာတွင် စစ်တပ်က သေဆုံးစစ်သားအလောင်းများနှင့်နေအိမ်များကို ယခုနံနက်ပိုင်း မီးရှို့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မရဲစခန်းမှ ရဲမိန်းမ ရဲမေ မိချိုသည် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီးသေဆုံး သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန် ခင်ဦးမြို့မစျေးတွင်စျေးဝယ်ထွက်ချိန် ရဲမိန်းမ၊ ရဲမေ မိချို ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ် ကြောင်း ဒေသခံများထံက ပြောဆိုကြသည်။

“ခင်ဦးမြို့ပေါ်မှာ စစ် အာဏာသိမ်းပြီးစဥ်ကာလ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတုန်းက အဲဒီ မိချိုက ဓားကိုင် မိုက်ရိုင်းစွာဆဲဆိုပြီး လုံချည် (ထမိန်) လှန်ပြခဲ့တယ်။ ခင်ဦးမြို့မရဲစခန်းအတွင်းမှာနေတဲ့ ရဲကတော်(ရဲမိန်းမ) မိချိုဟာ ဒီနေ့ မနက် ၇နာရီဝန်းကျင်အချိန်မှာ ခင်ဦးမြို့မစျေး စျေးဝယ်ထွက်စဥ် မှာ ပစ်ခတ်ခံရပြီး သေဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ယမန်နေ့ ညနေပိုင်း ခင်ဦးအရှေ့ဘက်ခြမ်း ဧရာဝတီ မြစ်ဘေး ကဘွက်ကျေးရွာသို့ စစ်ကြောင်း ဝင်လာစဥ် ကာကွယ်ရေးအဖွဲ့များက စစ်ကြောင်းကို ၀ိုင်းဝန်းပစ်ခတ်ရာ စစ်သား ၆ ဦး သေဆုံးပြီး ဒဏ်ရာအများအပြားရရှိပြီကြောင်း၊ စစ်သားအလောင်းများကို ကဘွက် အောက်နား မြစ်ကွေ့လျှိုကြားသွားမြုပ်ပြီး ဒဏ်ရာရခွေးများအား အရှေ့ဘက် ကမ်းရွှေကျင်သို့ပို့ဆောင်ကြောင်း ၊ အနောက် ဘက်ခြမ်း မူးတိမ်တံတားနှင့်ပျဥ်ထောင်မှ စစ်ကြောင်းကလည်း အင်အား ၇၀ခန့်ဖြင့် သာဂရကျွေးရွာသို့ ယမန်နေ့ ညနေပိုင်းတွင် ဝင်ရောက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့ မိုင်းဆွဲခံရမှုကြောင့် သေဆုံးသော စစ်သား အလောင်း ၁၂ လောင်း၊ စက်တင်ဘာ ၂၀ ရက်နေ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသော စစ်သား ၁၅ ဦး၏ အလောင်းများနှင့်အတူ သာဂရ ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ညအချိန် ရွာအတွင်းမှ စစ်သားများ တိုက်မိုင်းများထပ်မိပြီး ထပ်မံသေဆုံးမှုများရှိ ကြောင်း၊ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် လူနေအိမ်များအတွင်းသို့ အလောင်း များထည့်၍ မီးရှို့နေကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article