30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း ၊ တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ နဲ့ ရေဦးမြို့နယ်တွေမှာရှိတဲ့ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရ ပါတယ်။ – အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီးတော့ အရပ်သား အမည်ခံ အစိုးရနဲ့ သမ္မတ တင်မြှောက်ပြီး ၊ တပ်ချုပ်ရာထူးနဲ့ပဲ နိုင်ငံ့ဥသျှောင် အကြီးအကဲ လုပ်လိုတဲ့ အလားအလာတွေ မြင်တွေ့ရတယ်လို့ စစ်ဘက်သတင်းရပ်ကွက်တချို့က သုံးသပ်ပြောဆိုထားပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ခိုးကြီးဘုရား၊ စေတီ ၊ ပုထိုး တွေမှာ ရရှိထားတဲ့ အလှူငွေတွေကို စနစ်တကျ ဖြစ်စေရေးအတွက်လို့ ဆိုပြီး ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေး ဘဏ်တွေမှာ ဌာနဆိုင်ရာ အရာရှိတစ်ဦးနဲ့ တွဲဖက်ပြီးတော့ Joint Account စာရင်းဖွင့်လှစ် အပ်နှံရ မယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article