33 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်း

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ယုတ်မာတဲ့ပြစ်မှုတွေအတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC ပို့ဆောင်ဖို့ ဗြိတိန်အစိုးရ ထောက်ခံကြောင်း ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီးက တရားဝင်ကြေညာပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စက်တင်ဘာလအတွင်း စစ်တပ်က လူ ၁၁ ဦးကို သတ်ဖြတ်ပြီး အိမ်ခြေ ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ – မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ – ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းဆုံအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ၂၇ ရက် နံနက် ၁၀ နာရီမှာ သွားရောက်ပစ်ခတ်ရာ စစ်သား ၇ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article