28 C
Yangon

မြင်းခြံတွင် ပျော်ဘွယ်စံပြကျေးရွာအုပ်ချုပ်ရေးမှူးအိမ် သွားရောက်ပစ်ခတ်ရာတွင် အုပ်ကြီးနှင့်စစ်သားများ ထွက်ပြေးသွား၍ သေနတ် ၇ လက် ယူပြီး ပြန်လာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကို သွားရောက်ပစ်ခတ်ရာတွင် အုပ်ချုပ်ရေးမှူး နှင့်စစ်သားများ ထွက်ပြေးသွား၍ သေနတ် ၇ လက်ယူပြီး ပြန်လာခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၂၉ရက် မွန်းလွဲ ၁နာရီအချိန် မြင်းခြံမြို့နယ်၊ ပျော်ဘွယ်၊စံပြရွာအုပ်ကြီးအိမ်မှာ တပ်စွဲနေသည့် စစ်တပ်ကို Natogyi PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားပြီး သေနတ်၇လက်ရရှိခဲ့ကြောင်း ၊ ပျော်ဘွယ်၊စံပြရွာ စကစခန့်အုပ်ကြီးအိမ်ကို PDF က ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်မှုတွင် စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခြားတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ ပျော်ဘွယ်အုပ်ချုပ်ရေးမှူးအိမ်ကို သွားရောက်တိုက်ခိုက်စဉ် အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက သေနတ်များကို သော့ခတ်ပြီး အရက်သွားသောက်ကြကြောင်း၊ အိမ်ထဲကို ဝင်ရောက် မွှေ နှောက်စဉ် လက်နက်များရရှိခြင်းဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article