38 C
Yangon

‘ဘယ်သူပုန်ကိုမှ မကြောက်လို့ ပြောင်းလာတာ’ ဟုဆိုသူ ခေါဇာရဲစခန်းမှူးနှင့် အဖွဲ့ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းမှု ရဲ ၃ ဦးသေဆုံးပြီးသေနတ် ၃ လက် ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ ရေးမြို့နှင့် ခေါဇာမြို့ ဆက်သွယ်ထားသော ကားလမ်းပိုင်းတစ်နေရာတွင် ခေါဇာမြို့မရဲစခန်းမှူးနှင့် အဖွဲ့ကို ရေးဘီလူးအဖွဲ့က စက်တင် ဘာ လ ၃၀ ရက် ယနေ့ ပစ်ခတ်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းအချို့ ရရှိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

သေဆုံးသွားသော ရဲစခန်းမှူးသည် အသစ်ပြောင်းလာသူဖြစ်ပြီး ‘ဘယ်သူပုန်မှ မကြောက်လို့ ခေါဇာ ပြောင်းလာတာ’ ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း ဒေသ ခံများက ပြောဆိုသည်။

တိုက်ခိုက်ပြီးနောက် ခေါဇာရဲစခန်းမှူးနှင့်အဖွဲ့ထံမှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ ကျည်ကတ် ၅ ခု၊ ကျည်ဆံများ၊ လက်ထိပ် ၁ ခု၊ ဖုန်းနှစ်လုံးနှင့် ရဲအသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ စခန်းမှူးနှင့်အဖွဲ့သည် ရေးမြို့တွင် လစာသွားရောက်ထုတ်ယူပြီး ခေါဇာမြို့သို့အပြန် လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article