38 C
Yangon

ကရင်နီပြည်နယ် စစ်ဘေးရှောင် ကလေးများ ပညာရေးအတွက် ရန်ပုံငွေကမ်ပိန်း ပြုလုပ်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ကရင်နီပြည်နယ် စစ်ဘေးရှောင် ကလေးငယ်များ ကြားကာလပညာသင်ကြားနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကျောင်းသုံးဖတ်စာအုပ်များနှင့် စာရေးကိရိယာများ ဝယ်ယူနိုင်ရန် ရန်ပုံငွေရှာ ကမ်ပိန်း​ကို အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ ထံမှ သိရှိရသည်။

ကမ်ပိန်း သတ်မှတ်ပမာဏမှာ ကျပ်သိန်း ၃၀၀၀ ဖြစ်ပြီး ပြည်တွင်းမှ အလှူရှင်များအနေဖြင့် ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ၏ Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/profile.php?id=100064206244522 သို့ ဆက်သွယ်လှူဒါန်းနိုင်မည် ဖြစ်သည်။

ပြည်ပနိုင်ငံများမှ အလှူရှင်များအနေနှင့် We Love Myanmar- Global ၏ Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/welovemm2022/ တွင် ဆက်သွယ်လှူဒါန်းနိုင်မည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article