33 C
Yangon

တန့်ဆည်PDF နှင့် စစ်ကောင်စီတပ် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး၊ ဘုတ်ပြင်းတွင်လည်း စစ်ကားတန်းမိုင်းဆွဲခံရပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်နှင့် တန့်ဆည်PDFတို့ နှစ်ရက်အတွင်း တိုက်ပွဲ ၃ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များပြားခဲ့ကြောင်း တန့် ဆည်PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တန့်ဆည်မြို့နယ်၊ မဟာမြိုင်တောစပ်ရှိ ဂရိတ်ရွာအနီးသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် တပ်ဖွဲ့၊ တန့်ဆည် PDF ၊ ရွှေဘိုခရိုင် တပ်ရင်း(၆) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။

အင်အား၂၀၀ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ဂရိတ်ရွာအနီး ငှက် ပစ်တောင်ခြေတွင် PDFရဲဘော်များက ‌အောက်တိုဘာ ၃၀ ရက် နံနက် ၁၁ နာရီအချိန် မိုင်း ၃ ပွိုင့်ဆွဲကာ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ ပြောဆိုသည်။

“ငှက်ပစ်တောင်နားမှာ မိုင်း၃ပွိုင့်ဆွဲတာ အသေများတယ်၊ သွေးချောင်းစီးသွားတာပဲ။ လက်နက်ကြီးနဲ့ကလည်း ကျနော်တို့ပစ်တာ ‌သူတို့တော်တော်ထိတယ်။ သူတို့အလောင်း‌တွေကို သယ်ထုတ်သွားတယ်၊ သွေးကွက်တွေနဲ့ အသားစတွေပဲ ကျန်ခဲ့တာပေါ့။ သူတို့ဘက်က ငါးကြင်းမြှီး (စက်သေနတ်)နဲ့ အဆက်မပြတ် ပြန်ပစ်ခဲ့ပေမယ့် ကိုယ့်ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။”ဟု ရှေ့တန်းရဲဘော်က ပြောသည်။

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေသဖြင့် တန့်ဆည်မြို့နယ် အနောက် ပိုင်း တန့်ဆည်-ကံထူးမ-ကလေးဝကားလမ်းအနီးရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

အင်အား၂၀၀ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ဂရိတ်ရွာသို့ ရောက်ရှိနေပြီး အင်အား၁၄၀ ခန့်ရှိသောအခြား စစ်တပ်စစ်ကြောင်းမှာလည်း ရွာမုံတောင် ရွာတွင် တပ်စွဲထားကြောင်း၊ ထို့ကြောင့် ဂရိတ်၊ ရွာမုံတောင်၊ အင်း၊ ဝိုင်းကြို၊ ကောက်ကြီး၊ စိန်းနန်း၊ ခေါင်တုံး၊ ပကာ၊ ခေါင်ယာ၊ မောက်တက်၊ တောင်ဟုန်၊ စိန်ကျေးကူး အစရှိသည့်ရွာများမှ ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ပျူစောထီး ၆ဦ း စီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကန့်ဘလူမြို့နယ် မှော်တော်ရွာနှင့် ကံရိုးရွာကြားတွင် တန့်ဆည်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း(၁၆) TRFက အောက်တိုဘာ၃၁ရက် နံနက်၉နာရီခန့်၌ ‌ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ ကားစုတ်ပြတ်သွားပြီး ပျူစောထီး၂ဦး ပြင်းထန်ဒဏ်ရာရရှိသဖြင့် ကန့်ဘလူဆေးရုံသို့ ပို့ဆောင်ထားကြောင်း TRFထံမှ သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့တွင် စစ်တပ် ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း ဘုတ်ပြင်း PDF အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဘုတ်ပြင်းမြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာလာသော စစ်ကား ၇ စီးပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ပိုကောင်း ဆီအုန်းကုမ္ပဏီအနီး ပြည်ထောင်စုလမ်းမပေါ်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားအများအပြားထိခိုက်သေဆုံးမှု ရှိသော် လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ကရင်ပြည်နယ်ဘက်ကနေ ပြန်လာတဲ့ စစ်ခွေး ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ထိခိုက်သေဆုံးမှုများတယ်။ ဆေးရုံမှာ စစ်ခွေးတွေ ကုသမှုခံယူနေ​တယ်။ စစ်ခွေး သေစာရင်းကတော့ စုံစမ်းနေဆဲပါ။ စစ်ကား ၃ စီးထိထိမိမိကို ထိပါတယ်” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- တန့်ဆည် PDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article