34 C
Yangon

ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းကို ရှစ်နှစ် မပြည့်သေးဟု တရားရုံးက ဆုံးဖြတ်၊ ဝန်ကြီးချုပ်ရာထူး ပြန်လည်ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းကို ရှစ်နှစ် မပြည့်သေးဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်သဖြင့် ဝန်ကြီး ချုပ်ရာထူး ပြန်လည်းရရှိသွားပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ရာထူး ရှစ်နှစ်ပြည့်သွားပြီဟု အတိုက်အခံနိုင်ငံရေးအင်အားစုက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို တင်ပြခဲ့သဖြင့် တရားရုံးက ဝန်ကြီးချုပ်ရာထူးကို ဆိုင်းငံ့ပြီး ယနေ့တွင် တရားရုံး တရားဝင်ဆုံးဖြတ်ချက်ဖြင့် ဝန်ကြီး ချုပ် သက်တမ်း ရှစ်နှစ်မပြည့်သေးဟု ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ချက် ၈ နှစ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင် အသက်ဝင်သည်ဟု တရားရုံးက ဆုံးဖြတ်သဖြင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် ဝန်ကြီးချုပ်ရာထူး ဆက်လက်တာဝန်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဖွဲ့စည်း ပုံအခြေခံဥပဒေကို စစ်တပ်စိတ် ကြိုက် ပြုပြင်ကာ အရပ်သားဝန်ကြီးချုပ်အဖြစ် အသွင်ပြောင်းအုပ်ချုပ်နေသူ လည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလတွင်လည်း ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲရန် ကျင်းပရန် ရှိနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article