30 C
Yangon

လှိုင်သာယာရှိ စစ်ကောင်စီ၏ ဒေါက်တိုင် လူမှုဖူလုံရေးစင်တာကို သတိပေးဖောက်ခွဲ၊ အလုံဗုံးပေါက်ကွဲမှုတွင် ဗုံးထောင်သူ မတွေ့ရ ကောင်းလားဟုဆိုကာ ဆိုင်ခန်းဖွင့်သူများကို စစ်တပ်ကရိုက်နှက်ပြီး ဆိုင်ဖွင့်ခွင့်ပိတ်ပင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေါက်တိုင် လူမှုဖူလုံရေးစင်တာကို ယနေ့ နံနက်ပိုင်းတွင် သတိပေး ဖောက်ခွဲတိုက်ခိုက်ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့ CLDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မြို့ပြပြောက် ကျား CLDF အဖွဲ့က လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ နဝဒေးအိမ်ရာ ရှိ စစ်ကောင်စီ ဒေါက်တိုင် လူမှုဖူလုံရေးစင်တာကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပထမမိုင်းပေါက်ကွဲပြီး ဒုတိယမိုင်းမှာမူ ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီဒေါက်တိုင်များကို သတိပေး ဖောက် ခွဲခြင်းဖြစ်ပြီး ပြည်သူလူထု မရှိသည့်အချိန်ကို ရွေးချယ်၍ သတိပေး ခြင်းဖြစ်ကြောင်း CLDF အဖွဲ့က ဆိုသည်။

“မိုင်းကတစ်လုံးက System ချို့ယွင်းသွားတာကြောင့် နှစ်လုံးပူးထားခဲ့ပေမယ့် တစ်လုံးပဲပေါက်ကွဲခဲ့ပါတယ်။ ဒါကသတိပေး ဖောက်ခွဲတဲ့အဆင့်ပါ။ လိုက်နာမှုမရှိရင် ပိုမိုထိရောက်တဲ့တိုက်ခိုက်မှုတွေ လုပ်ပါမယ်လို့သတိပေးပါတယ်။ အ များ ပြည်သူထိခိုက်မှာစိုးလို့ မနက်ပိုင်းအစောပိုင်း ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်” ဟု CLDF အဖွဲ့၏ တာဝန်ခံ သက်ပြင်းက ပြောသည်။

မပေါက်ကွဲသေးဘဲ ကျန်ရစ်ခဲ့သည့် မိုင်းကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ တွင် စစ်တပ်က တွေ့ရှိသွားသဖြင့် ကမ်းနားသဲကွင်းတွင် အတား အဆီး ပြုလုပ်ကာ ယမ်းကပ်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်ရုံးတွင် စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် ဝေဘာဂီလမ်းအတွင်းရှိ စျေးဆိုင်ဖွင့်သူများကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ကြောင်း၊ ဗုံးထောင်သူ မတွေ့ရကောင်းလားဟုဆိုကာ ရိုက်နှက်ပြီး ဆိုင်မဖွင့်တော့ရန် ခြိမ်းခြောက် ရိုက်နှက် ပိတ်ခိုင်းလိုက်ကြောင်း သိရှိရသည်။

“ဝေဘာဂီလမ်းထဲက စျေးဆိုင်တွေ အိမ်ဆိုင်လေးတွေကို‌ စစ်တပ် ခေါ်ရိုက်တယ်။မင်းတို့ ဗုံးထောင်သူ မတွေ့ရကောင်း လားဆိုပြီး ရိုက်တာ။ ဆိုင်လည်း မဖွင့်နဲ့တော့ဆိုပြီး ရိုက်နှက်ပြန်လွှတ်လိုက်တယ်။ မအလ အရိုးကိုက် ခွေးတွေ ရမ်းကားနေတာ” ဟု အလုံမြို့ခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်း ၉ နာရီ ၂၀ မိနစ်အချိန် အလုံမြိုနယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်၊ နှင်းဆီကုန်းလမ်းရှိ ရွှေမင်္ဂလာ အနှိပ်ခန်းအရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲကြောင်း ၊ ပေါက်ကွဲမှုကြောင့် ဆိုင်တံ ခါးများ ပျက်စီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှိုင်သာယာမြို့နယ်မှ လူမှုဖူလုံရေးအဖွဲ့ရုံး။

Photo- Myanmar Labor News ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article