34 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ခင်မွန်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး လိုက်တဲ့ အပြင် ၊ ပြည်သူ အယောက် ၄၀၀ နီးပါးကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပဘုရားဖူးရာမှာ အသုံးပြုတဲ့ ဆင်ဦးစီး နဲ့ ဆင်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ ယင်းမာပင် PDF နဲ့ ပူးပေါင်းနေတဲ့အပြင်၊ တော်လှန်ရေးမှာ တဖက်တလမ်းက ပါဝင်နေတယ်လို့ ယင်းမာပင် PDF ဆီကနေ သိရပါတယ်။ – စစ်ကောင်စီလက်အောက်မှာ ပြန်ခိုလှုခဲ့တဲ့ CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် CDM တပ်မတော်သားအဖွဲ့ ၅ ခုကနေ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ကြေညာလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article