32 C
Yangon

သံတောင်ကြီး၊ မြ၀တီ၊ ယင်းမာပင်တွင် စစ်ကြောင်းများ မိုင်းဆွဲခံရခြင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီး၊ မြ၀တီနှင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်တို့တွင် စစ်ကြောင်းများ မိုင်းဆွဲခံရခြင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်သား ၈ ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

သံတောင်ကြီးတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကွင်းချောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ရေတာရှည်မြို့နယ် PDF တပ်ဖွဲ့ထံမှ သိရသည်။

ကွင်းချောင်းရွာအနီး စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်ကို တပ်ရင်း ၃၅၀၁၊ ခွဲ ၃၊ ရိုးမကျား တပ်ဖွဲ့၏ ရေတာရှည်မြို့နယ် PDF တပ်ဖွဲ့မှ အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ် ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ၁၆ ဦးပါ စစ်ကြောင်း ၁ ကြောင်းနှင့် ၃၅ ဦး စစ် ကြောင်း ၁ ကြောင်းတို့ဖြင့် ၂ ဖွဲ့ခွဲကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၆ ဦးပါ စစ်ကြောင်းကို ရေတာရှည် PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ စစ်သား ၃၅ ဦးပါ စစ်ကြောင်းသည် ကွင်းချောင်းရွာ အတွင်းသို့ ၀င်ရောက်ကာ ဆိတ်တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်‌ရေး တပ်မတော် (ရိုးမကျား) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မြ၀တီတွင် စစ်သား ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ မြ၀တီ၊ တောင်နီကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာ ၈ ရက်နေ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များကစနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်သည်။

ယင်းမာပင်တွင် စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်မှု သေဆုံးထိခိုက်များပြားနိုင်

အောက်တိုဘာ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ဘန့်ဘွေးရွာမ ထွက်လာသော စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများပြားကြောင်း PDF များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၆ နာရီခန့်အချိန် ဘန့်ဘွေးရွာမ ရိက္ခာသယ်ယူရန် ထွက်လာသော စစ်ကြောင်းကားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ပျက်စီးသွားကြောင်း၊ နံနက် ၇ နာရီခန့်တွင် အောင်ဇေယျကုန်းသို့ ရိက္ခာတင်ပြီး ဘန့်ဘွေးရွာသို ပြန်လာသော စစ်ကားကို ထပ်မံ၍ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ကားနောက်မှန် ပွင့်ထွက်လျက် မောင်းပြေးသွားကြောင်း သိရှိရသည်။

ယင်းနောက် ယမန်နေ့ နံနက် ၈ နာရီခန့်အချိန် ဖောကားဖြင့် အင်အား ၁၅ ဦးပါ စစ်ကြောင်း၊ သံပြားများ ကာထားသော စစ်ကားသည် ဘန့်ဘွေးရွာမသို့ မောင်းနှင်လာစဉ် ပဒေသာမိုင်း ၃ ဆိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိုကားသည်ချောက်ထဲသို ထိုးချသွားကြောင်း သိရှိရသည်။

စစ်ကားမှ စစ်သားများက ကျေးရွာဘက်များသို ၄၀ မမ၊ ၆၀ မမများဖြင့် အကြိမ်ရေ ၅၀ခန့်ထုပြီး ရမ်းသမ်းပစ်ခက်ခဲ့ကြောင်း၊ မိုင်းမိသောကားကို လာကြိုသော ဘန့်ဘွေးရွာမမှ ပျူစောထီးများသည်လည်း ၅မိုင် ဂိတ်အနီးတွင် တိုက်မိုင်းမိ၍ ခြေပြတ်ဖြစ်ပြီး ကားဖြင့် လာရောက်သယ်ယူသွားကြောင်း၊ မိုင်းဆွဲမှု အကြိမ်ရေများစွာ စစ်သား ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Yinmarbin Local People’s Defense Force၊ Triple Two Task Force၊ Alpha Special Force၊ Chindwin Galone Yarzar Guerrilla Defense Force၊ Monywa True Force၊ Myauk Yamar People’s Defense Force၊ ချိုမိုင်မိုင် ယင်မာပင်-ကနီမဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းလုပ်ဆောင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း တော်လှန်ရေး ရဲမေများ။
Photo- ကော်ဘရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article