34 C
Yangon

အမေရိကန်၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းရောက် တက်ရောက်အားပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

အ​​မေရိကန်၊ နယူး​ယောက်ဈေးရောင်းပွဲတွင် ယနေ့ မြန်မာအစားအသောက်မျိုးစုံ မြန်မာအဝတ်အထည်မျိုးစုံ မြန်မာ့လက်မှုအနုပညာအမျိုးမျိုးတို့ရောင်းချကာ ရန်ပုံငွေရှာဖွေခဲ့ကြပြီး ထို့အပြင် NYCBC Yard Sale အရောင်းပွဲကိုလည်း ပူးတွဲကျင်းပကြသည်။

အဆိုပါဈေးရောင်းပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်တဝိုက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ လာရောက်ကာဆင်နွှဲခဲ့ကြသည်။

အဆိုပါရန်ပုံငွေရှာဖွေရေးဈေးရောင်းပွဲကို နယူးယောက်မြို့ Queen County ရှိ St. James Episcopal Church တွင် ဒေသစံတော်ချိန် နေ့လည် ၁၁နာရီမှ ညနေ ၅နာရီထိ ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ရှာဖွေရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article