36 C
Yangon

ကန့်ဘလူတွင် စစ်ဘေးရှောင်ပြည်သူများ မြွေပွေးအကိုက်ခံရမှု များပြားနေသဖြင့် မြွေဆိပ်ဖြေဆေး အရေးပေါ် လှူဒါန်းကြရန် နှိုးဆော်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူသူများ မြွေပွေးအကိုက်ခံရမှု များပြားသဖြင့် မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်ချက်ရှိနေပြီး ကူညီလှူဒါန်းကြရန် စစ်ဘေးရှောင် ကူညီသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မြွေဆိပ်ဖြေဆေးကတော့ အရေးပေါ်လိုအပ်နေတယ် ။ အောက်တိုဘာ ၉ရက်နေ့ နံနက်ပိုင်းမှာလည်း ကန့်ဘလူမြောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်နှစ်ဦး မြွေ ပွေး အကိုက်ခံထားရတာရှိတယ်။တစ်ဦးက အသက်၃၀နဲ့ နောက်တစ်ဦးက အသက်၁၄နှစ်ရွယ် ကလေးငယ်တစ်ဦးပါ။ အသက်၁၄နှစ် ကလေးငယ်ကတော့ မြွေဆိပ်ဖြေဆေး ၇ လုံးထိုးပေးတာတောင်မသက်သာဘူး။ ဘာလို့မသက်သာရတာလဲဆို့တော့ မြွေကိုက်ပြီးတာနဲ့ ဆေးမရှိလို့ ဆေးဝါးကုသခံယူရတာနောက် ကျတာ။ ဒေသတွင်းသွားရေးလာရေး လမ်းပိုင်းအသွားအလာကလည်းခက်ခဲတယ်။ မြွေဆိပ်ဖြေဆေးကတော့ အရေးပေါ်လိုအပ်နေတယ်။ကူညီနိုင်သူတွေအနေနဲ့ ကူညီပေးကြပါဦး” ဟု ကျွန်းလှတက်ကြွသူများအဖွဲ့ဝင်တစ်ဦးကပြောသည်။

ကျွန်းလှမြိုနယ်အတွင်းတွင် ယခုနှစ်အတွင်း မြွေပွေးအကိုက်ခံရသူ ပြည်သူ ၂၀ ဦးအထက်ရှိနေပြီး မြွေဆိပ်ဖြေဆေး အချိန်မီမရသဖြင့် သေဆုံးမှုများပြားနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article